Committee Representing Pyidaungsu Hluttaw: Ministry of Planning, Finance and Industry Announcement No.7/2021 - စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ကြေညာချက်အမှတ် (၇/၂၀၂၁)

Description: 

"ကြေညာချက်အမှတ်(၇/၂၀၂၁) ၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် (၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်) နိုင်ငံ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ခန့်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအားလုံး ရပ်ဆိုင်းထားကြောင်း ကြေညာချက် ရည်ညွှန်းချက်။ ။ ဒုတိယသမ္မတဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၃/၂၀၂၁ ဆုံးဖြတ်ချက်။ ၁။ ယခုအချိန်သည် တရားမဝင်အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတော်အာဏာအား လက်နက်အားကိုးဖြင့် အကြမ်းဖက်လုယူထားသည့် အချိန်ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းကောင်း အရာထမ်း၊ အမှုထမ်းများသည် ပြည်သူ့အာဏာဖီဆန်မှုလုပ်ငန်းစဉ် (CDM) ဖြင့် ရဲဝံ့ စွန့်စားစွာ အာခံတော်လှန်နေသည့် အခါသမယဖြစ်သည်။ ၂။ နိုင်ငံ့ဝန်ထမ်းကောင်း အာဇာနည်များ၏ ထိရောက်အောင်မြင်သည့် ပြည်သူ့အာဏာဖီဆန်မှုလုပ်ငန်းစဉ် (CDM) ကြောင့် တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံ့အုပ်ချုပ်ရေးယန္တရားအား ပုံမှန်လည်ပတ်နိုင်ခြင်း မရှိဘဲ အကျပ်အတည်းဆိုက် အထိနာလျက်ရှိပါသည်။..." ၃။ တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် (CDM) လှုပ်ရှားမှု ဆောင်ရွက် နေသည့် ဝန်ထမ်းများအား လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ရန် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး ခြိမ်းခြောက် အရေးယူနေသော်လည်း ထိရောက်အောင်မြင်မှုမရှိသည့်အတွက် ဝန်ထမ်းသစ်များ ရွေးချယ်လေ့ကျင့် ခန့်ထားနိုင်ရန် အလုပ်လျှောက်လွှာများခေါ်ယူ၍ အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ၄။ မိမိတို့ ပြည်သူ့အစိုးရသည် အာဏာသိမ်းစစ်ကောင်စီမှ တရားမဝင်အာဏာလုယူလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှစ၍ နိုင်ငံ့ဝန်ထမ်းရွေးချယ်လေ့ကျင့်ခန့်ထားခြင်း ဆိုင်ရာလုပ်ငန်းစဉ်များ အားလုံးကို ခြွင်းချက်မရှိ ရပ်ဆိုင်းထားကြောင်း အသိပေးအပ်ပါသည်။ ၅။ သို့ပါ၍ ပြည်သူ့အစိုးရအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ စစ်အုပ်စုဩဇာခံ ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန^အကြီးအကဲများက ရွေးချယ်ခန့်အပ်သော မည်သူကိုမျှ နိုင်ငံ့ဝန်ထမ်းအဖြစ် အသိအမှတ်မပြုသည့်အပြင် အကြမ်းဖက်စစ်အုပ်စု၏ အပေါင်းပါများအဖြစ် သတ်မှတ်၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ (ပုံ) တင်ထွန်းနိုင် ခေတ္တပြည်ထောင်စုဝန်ကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

Source/publisher: 

Committee Representing Pyidaungsu Hluttaw (CRPH)

Date of Publication: 

2021-04-09

Date of entry: 

2021-05-11

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf pdf

Size: 

129.62 KB 317.88 KB

Resource Type: 

text

Text quality: 

    • Good