“အမျိုးသားညီညွတ်ရေးအစိုးရက (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများသို့ ပေးပို့သော သဝဏ်လွှာ”

Description: 

"ယနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့သည် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်သည်။ အင်အားကြီးသောနိုင်ငံများက အင်အားနည်းသောနိုင်ငံများကို နယ်ချဲ့ခြင်း၊ ကိုလိုနီပြုခြင်းများ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့စဉ်ကာလဖြစ်သဖြင့် မြန်မာနိုင်ငံသည်လည်း တိုင်းတစ်ပါးသားတို့၏ ကျူးကျော်နယ်ချဲ့မှုဒဏ်ကို ခံခဲ့ရပြီး နှစ်ပေါင်း (၆၀) ကျော် သူ့ကျွန်ဘဝဖြင့် နေထိုင်ခဲ့ကြရသည်။ သို့သော် လွတ်လပ်ရေးကို မြတ်နိုးသောစိတ်ဖြင့် ပြည်သူလူထုတစ်ရပ်လုံး ကြိုးစားအားထုတ်ခဲ့မှုကြောင့် မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်၊ ပြာသိုလဆုတ် (၉)ရက် (အင်္ဂလိပ်သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်)တနင်္ဂနွေနေ့တွင် ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤငါတို့မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ခဲ့ပြီဟု ကြေညာနိုင်ခဲ့ပေသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ အင်အားဖြင့် မြန်မာ့လွတ်လပ်ရေးကို အရယူခဲ့သည့်သမိုင်းတွင် အဓိကကျသည့် အခန်းကဏ္ဍကပါဝင်ခဲ့သော မြန်မာ့တပ်မတော်သည် မိမိတို့၏ အကျိုးစီးပွားကိုရှေ့တန်းတင်သော၊ အာဏာယစ်မူးသော စစ်ခေါင်းဆောင်တို့၏ စနစ်တကျ ဖျက်ဆီးမှု၊ ယင်းတို့လိုလားသည့် ပုံသဏ္ဍာန် ရိုက်သွင်းကာ ပြည်သူလူထုတစ်ရပ်လုံးကို လက်နက်အားကိုး အနိုင်ကျင့်သည့် အလေ့အထကို စတင်ခဲ့မှုများ ကြောင့် သမိုင်းခေတ် အဆက်ဆက်တွင် စစ်အာဏာသိမ်းမှုများပေါ်ပေါက်ကာ ပြည်သူလူထု တစ်ရပ်လုံးသည် စစ်ကျွန်ဘဝကို ကျရောက်ဖြတ်သန်းခဲ့ရသည့် ကာလသည်လည်း ထပ်မံရှည်ကြာခဲ့ရပေသည်။ ယခုကာလသည်လည်း ခေတ်အဆက်ဆက် စစ်အာဏာရှင်များထက် ပိုမို သိမ်ဖျင်းသော၊ ရိုင်းစိုင်းယုတ်မာသော၊ အသိဉာဏ်ဆင်ခြင်တုံ့တရားကင်းမဲ့သော စစ်အာဏာရှင်တစ်စုတို့က ပြည်သူ့အာဏာကို မတရားလုယူ သိမ်းပိုက်ပြီး တိုင်းပြည်၏ အနာဂတ်တစ်ခုလုံးအား နင်းခြေဖျက်ဆီးရန် ကြိုးစားနေခြင်းကို တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက ခေါင်းငုံ့မခံပဲ ရင်ဆိုင်တုံ့ပြန်နေကြသည့် အချိန်ကာလဖြစ်သည်။ တစ်နိုင်ငံလုံးရှိ ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ၊ ပြည်သူများ အားလုံး၏ နှစ်သစ်ကူးထုတ်ပြန်ချက်များ၊ ပြောကြားချက်များတွင် ထင်ရှားပေါ်လွင်လျက်ရှိသော စစ်အာဏာရှင်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ဘုံရည်မှန်းချက်ပန်းတိုင်ကို မျက်ချေပြတ်မခံပဲ လူအင်အား၊ လက်နက်အင်အား မိမိထက် အဆပေါင်းများစွာသာလွန်သော တိုင်းတပါးနယ်ချဲ့များကို တော်လှန်စိတ်ဓာတ်များ လက်ဆင့်ကမ်းသယ်ဆောင်ပြီး ဇွဲခတ်ကာ မြန်မာ့လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည့် သမိုင်းအောင်ပွဲ၏ အောင်စိတ်ကို နှလုံးသွင်းလျက် အကြမ်းဖက်စစ်အာဏာရှင်အား အမြစ်ဖြတ်၍ ဒုတိယလွတ်လပ်ရေးကို အရယူပြီး နိုင်ငံသစ်ကိုထူထောင် နိုင်ကြရန် လက်ရှိ ရရှိလျက်ရှိသော စည်းလုံးညီညွတ်မှုဖြင့် ရှေ့ဆက်ချီတက်သွားကြပါစို့ဟု အလေးအနက် တိုက်တွန်းရင်း ဤသဝဏ်လွှာကိုပေးပို့ပါသည်။..."

Source/publisher: 

National Unity Government of Myanmar

Date of Publication: 

2023-01-04

Date of entry: 

2023-01-04

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

462.65 KB

Resource Type: 

text

Text quality: 

    • Good