အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၂၃)

Description: 

"၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နိုင်ရန် အောက်ဖော်ပြပါ တာဝန်များအတွက် လျှောက်လွှာ တင်သွင်းနိုင်ပါသည်။ (က) ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ မတ်လ (၁၆) ရက်နေ့အတွင်း လျှောက်ထား ရမည့် ရာထူးနေရာများ ၁။ အထူးကုဆရာဝန်များ ၂။ ဆရာဝန်များ ၃။ သွားနှင့်ခံတွင်း အထူးကုဆရာဝန် များ ၄။ သွားနှင့်ခံတွင်း ဆရာဝန်များ ၅။ အထူးကုဘွဲ့လွန်သင်တန်းသားများ ၆။ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာဘွဲ့ ရရှိသူများ ၇။ သူနာပြုများ ၈။ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်များမှ ဒီပလိုမာ/ ဘွဲ့ ရရှိသူများ ၉။ ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိသူများ ၁၀။ တိုင်းရင်းဆေးပညာရှင်များ (ခ) ၂၀၂၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ ဧပြီလ (၇) ရက်နေ့အတွင်း လျှောက်ထားရမည့် ရာထူးနေရာများ ၁။ ကျန်းမာရေးမှူးများ (HA) ၂။ အမျိုးသမီးကျန်းမာရေးဆရာမများ (LHV) ၃။ သားဖွားဆရာမများ (Midwife) ၄။ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ များ (PHS-1) ၅။ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များ (PHS-2) ၂။ လျှောက်ထားသူသည် - (က) ပြည်ထောင်စုမြန်မာနိုင်ငံဖွား ဖြစ်ရမည်။ (ခ) ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။ (ဂ) နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း ဖြစ်ရမည်။ အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမည်။ (ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမည်။ (င) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ ၃။ လျှောက်ထားလိုသူများအနေဖြင့် “စာပိုဒ် ၁။ (က) နှင့် ၁။ (ခ)” တို့တွင် ပါရှိသည့် ရာထူးနေရာ များအလိုက် သတ်မှတ်ထားသော ရက်များအတွင်း နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ ည (၈) နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ် ဌာန၏ Telegram Account - https://t.me/HR_MOHNUG သို့မဟုတ် Telegram Username - @HR_MOHNUG တွင် လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ ၄။ ဝန်ထမ်းစိစစ်ရွေးချယ်ခန့်အပ်ရေးကော်မတီက အတည်ပြုရွေးချယ်ခြင်း ခံရသူများသည် တာဝန်ချထားမည့်နေရာများအတွက် လိုအပ်သည့် သင်တန်းများကို သတ်မှတ်အစီအစဉ်များ အတိုင်း တက်ရောက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ်များ၏ အစီအစဉ်ဖြင့် ဒေသအသီးသီးသို့ တာဝန်ချထားမည်ဖြစ်ပါသည်။ ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များတွင် တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးအပ်သွားမည်ဖြစ်ပါသည်။ ၆။ ဝန်ကြီးဌာနသည် CDM လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးအင်အားစုများနှင့် တော်လှန်ရေးကာလအတွင်း အခက်အခဲအမျိုးမျိုးကြား၌ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ကျန်းမာရေးသူရဲကောင်းများအားလုံးကို အထူးအသိအမှတ်ပြု၊ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။..."

Source/publisher: 

Ministry of Health - National Unity Government of Myanmar

Date of Publication: 

2023-02-23

Date of entry: 

2023-02-23

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

676.55 KB

Resource Type: 

text

Text quality: 

    • Good