Description:
"၁။ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် ယနေ့ထုတ် သတင်းစာများတွင် ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော်တို့ (၄) ဦး အပေါ် သေဒဏ်ချမှတ်ခဲ့သည့် အမိန့်အား ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။
၂။ အကြမ်းဖက်စစ်ကောင်စီက ဥပဒေမဲ့ သေဒဏ်ချမှတ်ခဲ့သည့် အမိန့်အား ပြစ်ဒဏ်စီရင်ဆောင်ရွက်ချက် (တစ်နည်းအားဖြင့် ကြိုးပေးသတ်ဖြတ်ခဲ့ခြင်း) သည် လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုနှင့် ဥပဒေပါ ပြဋ္ဌာန်းချက် များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
၃။ အကြမ်းဖက်စစ်ကောင်စီ၏ အထက်ပါ လုပ်ရပ်များသည် တည်ဆဲဥပဒေများကို လေးစားလိုက်နာခြင်း လုံးဝ မရှိဘဲ ၎င်းတို့၏ လက်ကိုင်တုတ်သဖွယ်ဖြစ်သော တရားရုံးများနှင့် တရားစီရင်ရေးယန္တရားကို အသုံးချလျှက် ပြည်သူလူထုတစ်ရပ်လုံး၏ နေ့စဉ် လူနေမှုဘ၀ကို အညှိုးအတေး၊ အာဃာတ ကြီးမားစွာဖြင့် စနစ်တကျ ဆက်လက် ခြိမ်းခြောက်ဖျက်ဆီးနေခြင်းပင် ဖြစ်သည်။
၄။ သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် သေဒဏ်ကို အတည်ပြု စီရင်ဆောင်ရွက်ရာတွင် အဓိက တာဝန်ရှိသည့် အကြမ်းဖက် စစ်ကောင်စီနှင့်တကွ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများ အားလုံးသည် ပြည်သူလူထုတစ်ရပ်လုံးက ခွင့်လွှတ်နိုင်စရာ အကြောင်း လုံး၀ မရှိသည့် ရာဇဝတ်မှုကြီးကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ကျူးလွန်ခဲ့ကြသူ အားလုံး ထိုက်သင့်သည့် ပြစ်ဒဏ်အသီးသီးကို မလွဲမသွေ ကျခံစေရမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန် ကြေညာလိုက်သည်။..."
Source/publisher:
Ministry of Justice
Date of Publication:
2022-07-25
Date of entry:
2022-07-25
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
151.11 KB
Resource Type:
text
Text quality:
- Good
