အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် (၈ / ၂၀၂၃)

Sub-title: 

NUG နိုင်ငံခြားရေးဒုတိယဝန်ကြီး နှင့် မစ္စတာ ဘန်ကီမွန်း တွေ့ဆုံခဲ့မှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Description: 

"၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမိုးဇော်ဦးသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ၊ The Elders ၏ ဒုတိယ ဥက္ကဌဖြစ်သူ မစ္စတာ ဘန်ကီမွန်းနှင့် ၂၀၂၃ ခုနှစ် ဧပြီလ ၂၇ ရက် က အွန်လိုင်းမှတဆင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ၂။ အစည်းအဝေးတွင် မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် မစ္စတာဘန်ကီမွန်း၏ ခရီးစဉ်နှင့်ပတ်သက်၍ အဓိကထားဆွေးနွေးခဲ့ကြပြီး၊ မြန်မာနိုင်ငံ၏ လက်ရှိ ရင်ဆိုင်နေရသည့် အကျပ် အတည်းများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရှေ့ဆက်လုပ်ဆောင်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ ၃။ မစ္စတာ ဘန်ကီမွန်း က “အကြမ်းဖက်မှုများအား အဆုံးသတ်ရန် လမ်းကြောင်း” ရှာဖွေမှုမှာ အရေးပါကြောင်းနှင့် “ရေရှည်တည်တံ့သော အဖြေတစ်ခုကိုရရှိရေး၌ အမျိုးသား ညီညွတ်ရေး အစိုးရအပါအဝင် ပါဝင်သည့် အစုအဖွဲ့အားလုံး၏ အခန်းကဏ္ဍမှာ အရေးပါကြောင်း” စသည် တို့ကို ထောက်ပြပြောဆိုသည့်အပေါ် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက မစ္စတာ ဘန်ကီမွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် ရည်ရွယ်ချက်မှန်ကန် ကောင်းမွန်သော်လည်း စစ်ကောင်စီက ယင်းခရီးစဉ်အား ၎င်း၏အကျိုးအတွက် အသုံးချရန် ကြိုးပမ်းမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည့် ခရီးစဉ်များရှိပါက အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မြန်မာနိုင်ငံမှ အရေးပါသော သက်ဆိုင်သူများနှင့် တိုင်ပင်ဆွေးနွေးမှုများ လုပ်ဆောင်ရန် မေတ္တာရပ်ခံခဲ့ပါသည်။ စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရန် အခွင့်မရှိ သကဲ့သို့၊ ရွေးကောက်ပွဲများ ကျင်းပမည်ဆိုပါကလည်း မြန်မာနိုင်ငံရှိ သက်ဆိုင်သူများအားလုံးနှင့် တိုင်းရင်းသား အဖွဲ့အားလုံးက လက်ခံနိုင်မည့် အသစ် ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ ကျင်းပ ပြုလုပ်ရမည် ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ထောက်ပြပြောဆို ခဲ့ပါသည်။ ထို့ပြင် အာဆီယံဘုံသဘောတူညီချက် (၅)ရပ်နှင့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) တို့အား လိုက်နာရန် ပျက်ကွက်သည့် စစ်ကောင်စီအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပို၍ ဝိုင်းဝန်း ဖိအားပေးမှုနှင့် အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်းစသဖြင့် ဒုတိယဝန်ကြီးက အလေးပေး ပြောကြားခဲ့ ပါသည်။ ၄။ မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းများအား ဖြေရှင်းနိုင်ရန်အတွက် ဖြစ်နိုင် ချေရှိသည့်လမ်းကြောင်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ပူးပေါင်း ဆောင်ရွက်မှု ဆက်ဆံရေးတစ်ရပ် တည်ဆောက်သွားကြမည်ဟူသော သဘောတူညီချက်ဖြင့် တွေ့ဆုံမှုအား အဆုံးသတ်ခဲ့ပါသည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2023-04-30

Date of entry: 

2023-04-30

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

129.56 KB

Resource Type: 

text

Text quality: 

    • Good