အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် (၇ / ၂၀၂၃) - အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သား သုံးဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

Description: 

"၁။ ၂၀၂၃ ခုနှစ် မတ်လ (၂၂) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ် ထိစပ်သည့် နယ်စပ်တစ်နေရာ၌ မီဇိုရမ်ပြည်နယ်သား သုံးဦး (ကျား - ၂၊ မ -၁) အား အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည့် အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ကျန်ရစ်သူ မိသားစုဝင်များ နှင့် ထပ်တူ များစွာ စိတ်မကောင်းဖြစ်ရပါသည်။ ၂။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံသားအချို့အား စွပ်စွဲပြောဆိုမှုများလည်း လူမှုကွန်ယက်များတွင် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျှက်ရှိသဖြင့် မိမိတို့အနေဖြင့် များစွာ စိုးရိမ်မကင်းဖြစ်မိပါသည်။ ၃။ အမှုမှန်ပေါ်ပေါက်ပြီး ကျုးလွန်သူများအား ဖမ်းဆီးရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဒေသန္တရအစိုးရနှင့် တရားဥပဒေစိုးမိုးရေးဘက် ဆိုင်ရာတာဝန်ရှိသူများ၏ တရားနည်းလမ်း ကျသော ကြိုးပမ်း အားထုတ် ဆောင်ရွက်မှုများကို မိမိတို့အနေဖြင့် အလေးအနက် ထောက်ခံပါကြောင်း ဖော်ပြလိုပါသည်။ ၄။ အိန္ဒိယနိုင်ငံတွင် ခိုလှုံနေထိုင်နေကြသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ဒေသခံပြည်သူများနှင့် အပြန်အလှန်လေးစားတန်ဖိုးထားမှုရှိသောဆက်ဆံရေးများကို တည်ဆောက်ပြီး၊ ဒေသတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးထိန်းသိမ်းဆောင်ရွက်မှုများတွင် ပူးပေါင်းကူညီပေးကြပါရန် အလေးအနက် တိုက်တွန်းပန်ကြားအပ်ပါသည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2023-03-29

Date of entry: 

2023-03-29

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar, India

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

223.49 KB

Resource Type: 

text

Text quality: 

    • Good