အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၂၃)

Sub-title: 

မြန်မာနိုင်ငံ၏အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏လေကြောင်းပိုင်နက်များကို အကြမ်းဖက်စစ်အုပ်စု၏ ဆိုးရွားသော လေကြောင်းတိုက်ခိုက်မှုများ အတွက် အသုံးပြုခွင့် မပေးရန် တောင်းဆိုခြင်း

Description: 

"၁။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နှင့် ၁၁ ရက်နေ့များတွင် ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်တည်ရှိရာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ Camp Victoria ကို အကြမ်းဖက်စစ်အုပ်စုက ဂျက်တိုက် လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သား အများအပြား ထိခိုက် ဒဏ်ရာရသေကြေခဲ့ရပြီး၊ လူနေအိမ်သုံးလုံးနှင့် နေ့စဥ်ဝန်ဆောင်မှုပေးနေသည့် ဒေသန္တရ ဆေးကုသဆောင် တစ်ဆောင်အပါအဝင် အရပ်သားအခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။ ၂။ အဆိုပါတိုက်ခိုက်မှုတွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံ၏လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက် အသုံးချမှု ဖြစ်ပေါ်ခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦးမှ ပေးပို့သောသတင်းတင်ပြချက်များအရ သိရှိရသည်။ အခြားသော မြေပြင်သတင်းရင်းမြစ်များအရလည်း အကြမ်းဖက်စစ်အုပ်စု၏ ဗုံးကြဲမှုများသည် အိန္ဒိယ ပိုင်နက်အတွင်းသို့ပင် ကျရောက်ခဲ့ကြောင်းသိရှိရပါသည်။ ၃။ အကြမ်းဖက်စစ်အုပ်စုသည် အိမ်နီးချင်းနိုင်ငံများ၏ လေပိုင်နက်များကို ကျူးကျော်အသုံးပြု၍ ရမ်းကားတိုက်ခိုက်မှုများကျူးလွန်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်ဘဲ အခြားသော အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏လေပိုင်နက်များကိုလည်း ကျူးကျော်အသုံးပြုခဲ့သည့် အစဥ်အလာများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရပြီးဖြစ်သည်။ ၄။ သို့ဖြစ်ပါ၍ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ပြည်သူတို့၏အသက်အိုးအိမ်များ ဘေးကင်း လုံခြုံရေးကို ရှေးရှု၍ မြန်မာပြည်သူတို့၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် မိမိတို့၏လေပိုင်နက်များကို အသုံးပြု၍ မြန်မာနိုင်ငံပြည်သူများကို လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်နေခြင်းများ ကျူးလွန် နေသည့် အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များအား ခွင့်ပြုခြင်း မပြုပါရန် မေတ္တာရပ်ခံ တောင်းဆို လိုက်သည်။ ၅။ အဆိုပါတောင်းဆိုမှုသည် အရပ်သားများနှင့် အများပြည်သူပိုင် အဆောက်အအုံများကို တိုက်ခိုက်ခြင်းအား ဆန့်ကျင်ရှုံ့ချထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် - ၂၆၆၉ အရ ဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေခြင်းကို ချက်ချင်း ရပ်တန့်ရန်၊ အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ဖြစ်ပေါ်နေခြင်းကို တားဆီးဟန့်တားရန် တောင်းဆိုသည့် အချက်များလည်း ပါဝင်ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2023-01-17

Date of entry: 

2023-01-17

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

450.75 KB

Resource Type: 

text

Text quality: 

    • Good