အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် (၁၂ / ၂၀၂၃)

Description: 

"အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာတို့ တွေ့ဆုံခဲ့မှုဆိုင်ရာ သတင်းထုတ်ပြန်ချက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာ တို့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့၌ လူချင်း တွေ့ဆုံခဲ့မှု အပေါ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် မှ ကြိုဆိုပါသည်။ ဆွေးနွေးမှုအတွင်း နိုင်ငံခြားရေးဝန်ကြီးသည် ဒေါက်တာဟေဇာ၏ အထူးကိုယ်စားလှယ်ဆိုင်ရာ တာဝန်ဝတ္တရားများ အဆုံးသတ်ရန် ဆုံးဖြတ်မှုကို အသိအမှတ်ပြု လက်ခံကြောင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ အနေဖြင့် အထူးကိုယ်စားလှယ်၏ လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဒေါက်တာ ဟေဇာ၏ နှစ်မြှုပ်ဆောင်ရွက်ခဲ့မှုများကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။ ဒေါက်တာဟေဇာသည် အထူးကိုယ်စားလှယ်၏ တာဝန်များကို ထမ်းဆောင်ရာတွင် မြောက်မြား စွာသော အတွေ့အကြုံ၊ အင်အား စိုက်ထုတ်မှု များဖြင့် စိတ်ပိုင်းဖြတ်မှုခိုင်မာစွာ ကြိုးပမ်းဆောင်ရွက် ခဲ့သည်။ အထူးသဖြင့် အကူအညီ အလွန်အမင်း လိုအပ်နေသည့် လူမှုအသိုက်အဝန်းများ အတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ရရှိရန်နှင့် မြန်မာ အမျိုးသမီးများ၏ ထုတ်ဖော် ဖွင့်ဟမှု အသံများအား မြှင့်တင်ပေးနိုင်ရန်တို့အတွက် ဆောင်ရွက်ပေးခဲ့သည်။ သို့သော်လည်း ဒေါက်တာ ဟေဇာ ဝန်ခံ ပြောကြားသည့် အတိုင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖြေရှင်းဆောင်ရွက်မှု ကင်းမဲ့ခြင်းသည် အထူးကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ရာတွင် ၎င်းရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲ အတားအဆီးများကို ပိုမိုခက်ခဲ ဆိုးရွား စေခဲ့သည်။ ရလဒ် အနေဖြင့် ၎င်း၏ အထူးကိုယ်စားလှယ် သက်တမ်း အတွင်း တရားမဝင် စစ်အုပ်စုသည် ယင်း၏ ကြမ်းကြုတ် ရက်စက် ယုတ်မာမှု များကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့် လုပ်ဆောင်ခဲ့သည့် အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ တို့၏ မြန်မာနိုင်ငံဆိုင်ရာ တောင်းဆိုချက်များကို လျစ်လျူရှုကာ အာဆီယံ အဖွဲ့ကြီးနှင့် သဘောတူညီ ထားသည့် သဘောတူညီချက် (၅)ချက်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုများကိုလည်း ဟန့်တား နှောင့်ယှက်ခဲ့သည်။ မကြာသေးသော သီတင်းပတ်များအတွင်း စစ်အုပ်စုသည် ရခိုင်ပြည်နယ် အပါအဝင် ဆိုင်ကလုန်းမိုခါကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လူမှုအသိုက်အဝန်းများသို့ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ပေးပို့မည့် ကယ်ဆယ်ကူညီထောက်ပံ့ရေး ပစ္စည်းများအား ဟန့်တားခဲ့သည့် အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türkကပင် "အသက်သေဆုံးမှုနှင့် ဆုံးရှုံးပျက်စီးရမှုတို့မှာ ကြိုတင်သိမြင်၍ ရှောင်ရှားနိုင်သည့်ကိစ္စရပ်များ ဖြစ်သည့်အတွက် လူ့အခွင့်အရေးကို စနစ်တကျ ပိတ်ပင်နေမှုအား ထင်ရှားစွာ တွေ့မြင်နိုင်ကြောင်း" ထုတ်ပြန်ပြောကြားခဲ့သည်။ ယင်းလုပ်ရပ်က စစ်အုပ်စုအနေဖြင့် စစ်ရေးအသာရလိုမှုအတွက် ကူညီထောက်ပံ့မှုများကို လက်နက်သဖွယ် ဆက်လက် အသုံးချနေမှုနှင့် ရိုဟင်ဂျာများအား ဆက်လက်ဖိနှိပ်နေမှုကို ဖော်ပြနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ ယခုအချိန်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတားရက်စ်အနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဦးဆောင် လမ်းပြဆောင်ရွက်ရမည့် အချိန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကြီးလေးမှုနှင့် အထူးကိုယ်စားလှယ်၏တာဝန်ရပ်ဆိုင်းမှုမှ ဖြစ်ပေါ် လာမည့် လပ်ဟာမှုတို့ကြောင့် အတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများအား ကောင်းစွာ အသုံးချရန် လိုအပ်လျက် ရှိပါသည်။ လွန်ခဲ့သည့် (၂)နှစ်ကျော်ကာလ၌ "ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးမှုဆိုင်ရာ မြန်မာပြည်သူလူထု၏ ကြိုးပမ်းမှုအတွက် ကုလသမဂ္ဂအနေဖြင့် မမှိတ်မသုန် အထောက်အကူပေးသွားမည်" ဖြစ်ကြောင်း အတွင်းရေးမှူးချုပ်က အခိုင်အမာ ပြောကြားခဲ့သည်။ သို့ဖြစ်ရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုများကို ရပ်တန့်ရန်နှင့် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးရာ စိတ်ဆန္ဒကို ဖော်ဆောင်နိုင်မည့် နိုင်ငံရေး အဖြေတစ်ရပ် ထွက်ပေါ်လာရန် အတွင်းရေးမှူးချုပ်အနေဖြင့် ကိုယ်တိုင်ကိုယ်ကျ ဦးစားပေးဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။..."

Source/publisher: 

Ministry of Foreign Affairs - Myanmar - NUG

Date of Publication: 

2023-06-03

Date of entry: 

2023-06-03

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

580.6 KB

Resource Type: 

text

Text quality: 

    • Good