အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက်အမှတ် ( ၁/၂၀၂၃)

Sub-title: 

ဆေးဝန်ထမ်းတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူခြင်း

Description: 

"၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် ပြည်သူ့ရဲဘော်များ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသောကြောင့် ကျန်းမာရေးဝန်ထမ်း အင်အား တိုးမြှင့်ရန် လိုအပ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့သင်ယူတတ်မြောက်ထားသော ပညာရပ်များအလိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဆေးဘက်ဆိုင်ရာ စစ်မှုထမ်း ဆောင်ရန်အတွက် လျှောက်ထားနိုင်ပါသည်။ ၂။ လျှောက်ထားနိုင်သည့် ပုဂ္ဂိုလ်များ- (က) အထူးကုဆရာဝန်များ/ အထူးကုဘွဲ့လွန်သင်တန်းသားများ (သွားနှင့်ခံတွင်း အထူးကု ဆရာဝန်များအပါအဝင်) ( ခ) ဆရာဝန်များ (သွားနှင့်ခံတွင်း ဆရာဝန်များအပါအဝင်) ( ဂ) သူနာပြုများ (ဃ) ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဒီပလိုမာ၊ ဘွဲ့ရရှိသူများ ( င) တိုင်းရင်းဆေးပညာရှင်များ ( စ) အခြေခံကျန်းမာရေးဝန်ထမ်းများ ၃။ လျှောက်ထားသူသည် - (က) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ ( ခ) နိုင်ငံ့ဝန်ထမ်းဖြစ်ခဲ့ပါက CDM ပြုလုပ်ထားသူ (သို့မဟုတ်) အမျိုးသားညီညွတ်ရေး အစိုးရ၏ လျှို့ဝှက်တာဝန်ပေးချက်အရ စစ်ကောင်စီထံတွင် တာဝန်ထမ်းဆောင်နေ သူများ ဖြစ်ရမည်။ ( ဂ) နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသူ ဖြစ်ရမည်။ (ဃ) အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဆေးရုံ/ ဆေးခန်း/ တပ်ရင်း/ တပ်ဖွဲ့/ စစ်ကြောင်းများတွင်သော်လည်းကောင်း၊ တာဝန်ချထားမည့် နေရာ ဒေသများသို့သော်လည်းကောင်း၊ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။ ၄။ လျှောက်ထားသူ၏ ပညာအရည်အချင်း၊ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုနှင့် တော်လှန်ရေး ၏ လိုအပ်မှုတို့အပေါ်တွင်မူတည်၍ သင့်လျော်သောတာဝန်များ ခန့်အပ်သွားမည်။ ၅။ တာဝန်ချထားမည့် နေရာဒေသများတွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်း များ၏ လုံခြုံရေးနှင့် စားဝတ်နေရေးတို့အတွက် ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာမြေပြင် တပ်ရင်း/ တပ်ဖွဲ့များက တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်သည်။ ၆။ လျှောက်ထားလိုသူများအနေဖြင့် စာပိုဒ် ၂ တွင် ပါရှိသည့် ရာထူးနေရာများအလိုက် ထုတ်ပြန်ကြေညာသည့်နေ့ရက်မှစ၍ (၃၀.၆.၂၀၂၃)ရက်နေ့ အထိ နေ့စဉ်ပိတ်ရက်မရှိ နံနက် (၁၀:၀၀) နာရီမှ ည (၈:၀၀) နာရီ အထိ Telegram Username - @MedicalServicePDF နှင့် Email- [email protected] သို့ ဆက်သွယ်ပြီး လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ (မှတ်ချက်။ လက်ရှိတာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ အပါအဝင် တော်လှန်ရေးကာလ ပြည်သူ့ရဲဘော် နှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ရဲရင့်မြင့်မြတ်စွာ ပါဝင်ဆောင်ရွက်သူအားလုံးကို သမိုင်းမှတ်တမ်း တစ်ခုအဖြစ် လေးစားစွာ မှတ်တမ်းတင် ထားရှိမည်ဖြစ်ပါသည်။) ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-05-31

Date of entry: 

2023-06-01

Grouping: 

  • Individual Documents

Category: 

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

303.24 KB

Resource Type: 

text

Text quality: 

    • Good