အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ကြေညာချက် (၂၀၂၂ခုနှစ်၊ မေလ(၃၁)ရက်နေ့)

Description: 

"ရန်ကုန်မြို့ ၊ အနော်ရထာလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင် လူစည်ကားရာနေရာတွင် ယနေ့ မေလ ၃၁ ရက်နေ့၊ နေ့လည်(၃)နာရီကျော်အချိန်အတွင်း အရပ်သားပြည်သူ (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကာ သေဆုံးမှုများရှိခဲ့သည့် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲ ပေါက်ကွဲမှုများ ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ကောင်စီက ပြည်သူလူထုကို ဥပဒေမဲ့ ညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေမှုများကို အကာအကွယ်ပေးနိုင်ရန်အတွက် ပြည်သူ့ခုခံတွန်းလှန်စစ်ကို စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းများနှင့်အညီ ဆင်နွှဲလျက်ရှိရာ အဆိုပါ စစ်သည်တော်ကျင့်ဝတ် စည်းမျဉ်း (Code of Conduct) များထဲရှိ စစ်ရေးဆိုင်ရာပစ်မှတ်သတ်မှတ်ရာတွင် စစ်အာဏာရှင်စနစ်၏ ယန္တရားများကိုသာချေမှုန်းရမည်၊အရပ်သားပြည်သူများအားခြိမ်းခြောက်ခြင်း၊ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရဟု ပါရှိပြီးဖြစ်သည်။ ထိုကဲ့သို့ စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်းများအား စနစ်တကျ ထားရှိပို့ချ ထားရုံသာမက လိုက်နာရန် ပျက်ကွက်မှုများရှိပါကလဲ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက် ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် လူမျိုးပေါင်းစုံပြည်သူလူထုအား ကာကွယ် စောင့်ရှောက်ရေးသည် မျှော်မှန်းချက်တစ်ခုအဖြစ် ထည့်သွင်းထားပြီး ပြည်သူလူထုလုံခြုံရေးကို ရည်မှန်းချက်တစ်ခုအဖြစ် ထည့်သွင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်အပ်ပါသည်။ သမိုင်းကြောင်းတစ်လျောက် မိမိတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထင်သလိုပြုမူခဲ့၊ပြုမူလျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပျူစောထီး၊ သွေးသောက်အဖွဲ့ စသည့် အစွန်းရောက်လက်ပါးစေအဖွဲ့များ မွေးမြူကာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေး အင်အားစုများကို အပြစ်ပုံချသည့် လုပ်ရပ်များစွာ သာဓက အနေဖြင့် ရှိခဲ့သည်ဖြစ်ရာ ပြည်သူလူထုအနေဖြင့် အသိ၊ သတိရှေ့ထား၍ နေထိုင် သွားကြရန် နှိုးဆော်အပ် ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ယခုကဲ့သို့သော လုပ်ရပ်များအား တရားမျှတမှုပြန်လည်ရရှိစေရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူသည့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။..."

Source/publisher: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2022-05-31

Date of entry: 

2022-05-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

254.42 KB

Resource Type: 

text

Text quality: 

    • Good