အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ကြေညာချက် ( ၂/၂၀၂၃)

Sub-title: 

တစ်နှစ်စာကင်းလွတ်ခွင့်ပြုကြောင်း အသိပေးထုတ်ပြန်ကြေညာခြင်း

Description: 

"၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်ရှိ ငွေကြေးစနစ်များအပေါ် မှီခိုနေရမှုကို အဆုံးသတ်နိုင်ရန်၊ ပြည်သူများကြုံတွေ့နေရသည့် လုံခြုံရေးစိန်ခေါ်မှုများဖြေရှင်းနိုင်ရန်၊ စစ်အာဏာရှင်စနစ်အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် လွတ်လပ်ပြီး လုံခြုံစိတ်ချရ၍ လက်လှမ်းမီနိုင်သော ငွေကြေးလည်ပတ်မှု ယန္တရားတစ်ခုကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။ ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဒစ်ဂျစ်တယ်မြန်မာ ကျပ် (Digital Myanmar Kyat - DMMK) ကို နိုင်ငံတော်၏ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် သတ်မှတ် ဖြန့်ဝေခဲ့ပါသည်။ ၃။ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် NUGPay တစ်နှစ်ပြည့်မြောက်မည်ဖြစ်ပြီး ပြည်သူလူထုကြား ပိုမို ကျယ်ပြန့်စေရန် တော်လှန်ရေး၏ ထောက်ပို့ကဏ္ဍတွင် အကျိုးဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၂ ဇူလိုင်လ ၁ ရက် နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အတွင်း တစ်နှစ်တာ Activation Code (၅၀၀၀ ကျပ်) ပေးချေ၍ အကောင့်ဖွင့်လှစ်ခဲ့သော NUGPay သုံးစွဲသူများသည် ပထမတစ်နှစ်ပြည့်သည့်နေ့မှစ၍ နောက်ထပ် တစ်နှစ် စာ Activation Code ဖိုး ပေးချေစရာမလိုပဲ တစ်နှစ်စာ ကင်းလွတ်ခွင့်ရရှိပါမည်။ ၄။ တစ်နှစ်စာ ကင်းလွတ်ခွင့်ရရှိသူများအနေဖြင့် Activation Code ဖိုး ပေးချေလိုပါက CDM ဝန်ထမ်းများ အတွက် Activation Code ပေးအပ်မည့် အစီအစဉ်တွင် လှူဒါန်းနိုင်ပါသည်။ ၅။ သို့ဖြစ်ပါ၍ ၂၀၂၂ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အတွင်း အကောင့်ဖွင့်လှစ်ခဲ့သော NUGPay သုံးစွဲသူများအားလုံးကို ၂၀၂၃ ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ Activation Fees တစ်နှစ်စာကင်းလွတ်ခွင့်ပြုကြောင်း ကြေညာအပ်ပါသည်။..."

Source/publisher: 

Ministry of Planning, Finance and Investment - NUG

Date of Publication: 

2023-07-01

Date of entry: 

2023-07-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

179.52 KB

Resource Type: 

text

Text quality: 

    • Good