အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ နှင့် စပ်လျဥ်းသော ထုတ်ပြန်ကြေညာချက်

Description: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ နှင့် စပ်လျဥ်းသော ထုတ်ပြန်ကြေညာချက် ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက် ၁။ ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ ပြည်သူများ၏ နေအိမ်အဆောက်အဦးများ၊ ဘာသာရေး အဆောက်အအုံများ အား အကြမ်းဖက် စစ်ကောင်စီ ၏ တပ်များမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် ထန်တလန်မြို့ရှိ နေအိမ် ၁၅၀ ကျော်နှင့် ဘာသာရေး အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည် ဟုသိရှိရပါသည်။ ၂။ အကြမ်းဖက်စစ်ကောင်စီက ယခုကဲ့သို့ မြို့လုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ အပြစ်မဲ့ အရပ်သားများကို လက်နက်အားကိုးဖြင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ စသည့် လူမဆန်သော အကြမ်းဖက်မှုများအား ပြင်းထန်စွာ မိမိတို့ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ကန့်ကွက်ရှုတ်ချ ပါသည်။ ၃။ ယခုကဲ့သို့ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော ရက်စက် အကြမ်းဖက်မှုများ နှင့် ပတ်သက်၍ အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် တာဝန်ယူရမည် ဖြစ်ပြီး မိမိတို့ အလုပ်သမား ဝန်ကြီးဌာနနှင့် အလုပ်သမားထု တစ်ရပ်လုံးက ချင်းပြည်နယ် ထန်တလန်မြို့၊ မြို့လုံးကျွတ် မီးရှို့ဖျက်ဆီးခံရခြင်းအတွက် များစွာ စိတ်မချမ်းမြေ့ဖြစ်ရပါကြောင်း နှင့် အချိန်နှင့် တစ်ပြေးညီ အပြစ်မဲ့ ပြည်သူများအား ဝိုင်းဝန်း ကူညီပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။..."

Source/publisher: 

Ministry of Labour - National Unity Government of Myanmar

Date of Publication: 

2021-10-30

Date of entry: 

2021-10-31

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

121.72 KB

Resource Type: 

text

Text quality: 

    • Good