Description:
" အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ (င)နှင့် ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကိုထုတ်ပြန်လိုက်သည်။
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ခံထားရသည့် အကြမ်းဖက်စစ်ကောင်စီကဖွဲ့စည်းထားသော တရားမဝင်အဖွဲ့အစည်း ဖြစ်သည်။
၂။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်း ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်နေသည့် နိုင်ငံရေးပါတီများအား ဆက်လက် မရပ်တည်နိုင်စေရန် ရည်ရွယ်၍ မတရားသည့် အမိန့်နှင့် ဥပဒေများ ထုတ်ပြန်ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားပြည်သူအများစု က လုံးဝလက်ခံ သဘောတူခြင်းမရှိသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား တည်မြဲ စေရန်ဆောင်ရွက်ခြင်း၊ အကြမ်းဖက်စစ်အာဏာရှင် နှင့် ၎င်းတို့အားထောက်ခံသည့် လက်တဆုပ်စာ နိုင်ငံရေးပါတီအချို့အား တရားမဝင် ဖြတ်လမ်းနည်းဖြင့် အာဏာရရှိစေရန် နည်းလမ်းမျိုးစုံ အသုံးပြု၍ ဆောင်ရွက်နေခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်း ဖက်မှုလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း တွေ့ရ သည်။
၃။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်း ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အထက်ပါလုပ်ဆောင်ချက်များသည် အများပြည်သူအတွင်း ထိတ်လန့်မှုများကိုဖြစ်ပေါ်စေရန်၊ ပြည်တွင်း တရားဝင် နိုင်ငံရေး အဖွဲ့အစည်းများအား ဥပဒေနှင့်မညီသည့် လုပ်ရပ်များကို အတင်းအကြပ်ပြုလုပ်စေရန်နှင့် ဥပဒေနှင့်အညီ ပြုလုပ်ရမည်ကို မပြုလုပ်ဘဲ ရှောင်ရှားစေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့ခြင်း ဖြစ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁၃) နှင့် ပုဒ်မခွဲငယ်(၁၆) တို့တွင် ဖော်ပြထားသော အကြမ်းဖက်မှုများကို ကျူးလွန်ကြောင်း စိစစ်တွေ့ ရှိရသည်။
၄။ သို့ဖြစ်ပါ၍ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရသည့် အကြမ်းဖက်စစ်ကောင် စီက ဖွဲ့စည်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ်မှတ်ကြေညာလိုက်သည်။..."
Source/publisher:
National Unity Government of Myanmar
Date of Publication:
2023-04-04
Date of entry:
2023-04-05
Grouping:
- Individual Documents
Category:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
Local URL:
Format:
pdf
Size:
263.32 KB
Resource Type:
text
Text quality:
- Good
