၂၀၂၃ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး၏ အလုပ်သမားထုသို့ ပေးပို့သော သဝဏ်လွှာ

Description: 

"၁။ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများအားလုံး အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး နွေဦးတော်လှန်ရေးမှာပါဝင်နေသော ရဲဘော်ရဲဘက် များအားလုံး စိတ်၏တည်ကြည်ကြံ့ခိုင်ခြင်း၊ ကိုယ်၏ကျန်းမာခြင်းပြည့်စုံစေရန် ဆန္ဒပြုပါသည်။ ၂။ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာကျော်က အခြေခံအလုပ်သမားအခွင့်အရေးတွေ ရရှိအောင် ညီညွတ်စွာ စုပေါင်းတောင်းဆိုအောင်မြင်ခဲ့တဲ့ ကမ္ဘာအရပ်ရပ်က အလုပ်သမားထုကို ဂုဏ်ပြုပြီး သတ်မှတ်ထားတဲ့ ဒီမေဒေးနေ့မှာ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် စစ်အာဏာရှင် တော်လှန်ရေး များ၌ ပြည်သူနှင့် တသားတည်း ရပ်တည်ပြီး ရှေးတန်းက ဦးဆောင်ပါဝင်တော်လှန်နေတဲ့ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများအားလုံးရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဦးညွှတ်ပါသည်။ ၃။ တော်လှန်ရေးကာလ ၂ နှစ်ကျော်ကြာလာသည့်တိုင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင် မှုအောက်တွင် တော်လှန်အင်အားစုအားလုံးနဲ့အတူ မဆုတ်မနစ် ပူးပေါင်းတိုက်ပွဲဝင်နေမှု အတွက် များစွာ ဂုဏ်ယူအားထားပါသည်။ ၄။ ဒီအလုပ်သမားများအချင်းချင်း၏ ညီညွတ်မှု၊ တော်လှန်ရေး အင်းအားစုအားလုံးရဲ့ ညီညွတ်မှုကို အခြေခံ၍ နိုင်ရာတာဝန်ကို အပြည့်အဝတာဝန်ယူပြီး ဒီတော်လှန်ရေးအောင်ပွဲကို အရောက်လှမ်း ကြမည်ဆိုသော ရည်မှန်းချက်ဖြင့် ဒီနှစ်အတွက် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး) ဆောင်ပုဒ်ကို “လုပ်သားထုရဲ့ သွေးစည်းသံ တချီတည်းရုန်းပြီး အောင်ပွဲခံ” “United Voice of Workers Fight for Federal Future” လို့သတ်မှတ်ထားပါသည်။ ၅။ အလုပ်သမားသမဂ္ဂများ၏ ဦးဆောင်မှုနှင့် ဒီတော်လှန်ရေးဖြစ်စဉ်တစ်လျှောက် ရဲဝံ့စွာ ကိုယ်ကျိုးစွန့်ပြီး တတ်နိုင်သည့် နည်းလမ်းဖြင့် ဘက်စုံတော်လှန်နေသော ပြည်တွင်း၊ ပြည်ပ အလုပ်သမားထုရဲ့ တော်လှန်မှုက တော်လှန်ရေးရှေ့ရောက်ဖို့ ကြီးမားတဲ့ ခွန်အားဖြစ်စေပါသည်။ ၆။ အလုပ်သမားများသည် မိမိတို့လူ့အဖွဲ့အစည်း၏ ကျောရိုးဖြစ်သဖြင့် အမျိုးသားညီညွတ်ရေး အစိုးရက ဦးဆောင်ဖော်ထုတ်နေသည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေးမူ‌ဘောင်များ တွင် အလုပ်သမားများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက် မြှင့်တင်ပေးမည့် ကတိကဝတ်များ ပါဝင်အောင်ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ လက်ရှိတွင် အလုပ်သမားဝန်ကြီးဌာန အပါအဝင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများပူးပေါင်းပြီး အလုပ်သမားများအတွက် ကူညီစောင့်ရှောက်ရေးလုပ်ငန်း များ၊ စွမ်းရည်တည်ဆောက်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တိုးမြှင့်ဆောင်ရွက်နိုင်ရန် လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ၇။ အကြမ်းဖက်စစ်တပ်ကို ဖြုတ်ချပြီး အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရေး အပါအဝင်၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအတွက် အကြမ်းဖက်စစ်တပ်ကို အိုင်အယ်လ်အို (ILO) တွင် အရေးယူနိုင်ရေး၊ နိုင်ငံတကာအလုပ်သမားသမဂ္ဂများနှင့် ၄င်းတို့၏ အဖွဲ့ဝင် အလုပ်သမားများ တော်လှန်ရေးတွင် ပိုမိုထောက်ခံပါဝင်ကူညီလာရန်၊ ပြည်သူက ချေမှုန်းမှုများအတွက် အရေးကြီးသော စစ်တပ်၏ နိုင်ငံခြားဝင်ငွေရလမ်းများ ပိတ်ဆို့မှုလုပ်ငန်းများ မှာ ကိုယ်တိုင်ဦးဆောင်၍ရော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်း၍ မြန်မာအလုပ်သမားထု ၏ မဆုတ်မနစ် ပူးပေါင်းပါဝင်မှုကို မှတ်တမ်းတင်အပ်ပါသည်။ ၈။ တော်လှန်ရှည်ကြာသည်နှင့်အမျှ ပြည်သူတစ်ရပ်လုံးခံစားရတဲ့ ကိုယ်၊ စိတ်ဒုက္ခတွေ ဆတိုး နေပြီး လူ့အခွင့်အရေးကို အစီအစဉ်တကျ ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့ အကြမ်းဖက် စစ်တပ်လက်အောက်မှာ အလုပ်သမားအခွင့်အ‌ရေးချိုးဖောက်မှုများက ပုံမှန်လုပ်ငန်း တစ်ရပ်ဖြစ် နေခြင်း၊ အလုပ်သမားများကို အကာအကွယ်ပေးအမဲ့ အလုပ်သမားသမဂ္ဂများကိုလည်း မတရား အသင်းကြေညာခြင်း၊ သမဂ္ဂခေါင်းဆောင်များနဲ့ အဖွဲ့ဝင်အလုပ်သမားများကို မတရား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း စသည့်ဖိနှိပ်မှုမျိုးစုံကို စိတ်တိုင်းကျ ဆောင်ရွက်၍ ဖြိုခွင်းထားတဲ့အခြေအနေမှာ ပြည်တွင်းအလုပ်သမားများရဲ့ လူမှုဒုက္ခပေါင်းစုံမှာလည်း တော်လှန်ရေးအမြန်ဆုံးအောင်မှသာ ဖြေရှင်းနိုင်မဲ့ အ‌ခြေအနေဖြစ်ပါသည်။ ၉။ ဂုဏ်သိက္ခာရှိပြီး အခြေခံအလုပ်သမားအခွင့်အရေးများ အပြည့်အဝအာမခံချက်ပေးမည့် နိုင်ငံတစ်ခု တည်ဆောက်နိုင်ဖို့ တော်လှန်ရေးမှာ တတ်နိုင်တဲ့နည်းဖြင့် မဖြစ်မနေပါဝင်နေမှုကို ဆက်လက်လုပ်ဆောင်ကြရန် အလုပ်သမားထုကြီးကို လေးလေးနက်နက်တိုက်တွန်းပါသည်။ ၁၀။ နိုင်ငံတကာအလုပ်သမားသမဂ္ဂများနှင့် အဖွဲ့ဝင်များ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေးကို အလေးထားသည့် ဒီမိုကရေစီအစိုးရများ၊ အိုင်အယ်လ်အိုအဖွဲ့၊ အိုင်အိုအမ် အဖွဲ့အပါအဝင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ လက်တွေ့ဆန်သော ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက် မှုများကို မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအား အမြန်ဆုံးလုပ်ဆောင်ပေးကြရန် အလေးအနက် ထား ထပ်မံတောင်းဆိုလိုက်ပါသည်။ ၁၁။ ကမ္ဘာ့သမိုင်းတွင် မတရားမှုဆန့်ကျင်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြံ့ကြံ့ခံ တော်လှန်အောင်မြင်ခဲ့သည့် စံနမူနာ နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားထုအပါအဝင် အင်းအားစုပေါင်းစုံနှင့် ညီညွတ်စွာ တော်လှန်ရေး‌အောင်ပွဲကို အရယူရန် ဒီကမ္ဘာ့အလုပ်သမားနေ့မှာ ထပ်လောင်း သန္နိဋ္ဌာန်ချမှတ်လိုက်ပါသည်။..."

Source/publisher: 

Ministry of Labour - National Unity Government of Myanmar

Date of Publication: 

2023-05-01

Date of entry: 

2023-05-01

Grouping: 

  • Individual Documents

Category: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

Local URL: 

Format: 

pdf

Size: 

458.7 KB

Resource Type: 

text

Text quality: 

    • Good