Sequencing Peace Agreements and Constitutions in the Political Settlement Process - နိုင်ငံရေးဖြေရှင်းချက်လုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်များနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေများကို ရှေ့နောက်စီစဉ်ဆောင်ရွက်ခြင်း

ဖော်ပြချက်/အကြောင်းအရာ: 

"ဤမူဝါဒစာတမ်းတွင် ထိလွယ်ရှလွယ် အခြေအနေများနှင့် ပဋိပက္ခသက်ရောက်မှုရှိသည့် နယ်မြေများ၌ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးဖြေရှင်းချက် လုပ်ငန်းစဉ်များအတွင်း ငြိမ်းချမ်းရေး သဘောတူညီချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံများကို ရှေ့နောက်စီစဉ်ခြင်း အကြောင်း အဓိကတင်ပြထားပါသည်။ နိုင်ငံရေးဖြေရှင်းချက်ဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာ လက်ဝယ်ထားရှိပုံနှင့် ကျင့်သုံးပုံဆိုင်ရာ အခြေခံ နားလည်သဘောပေါက်မှုများကို သဘော တူညီထားခြင်း ဖြစ်ပါသည်။ နိုင်ငံရေး ဖြေရှင်းချက်ရရှိရေး လုပ်ငန်းစဉ်မှာ လုပ်ဆောင်ရမည့် လုပ်ငန်းများ ရှေ့နောက်အစီအစဉ် အတိအကျရှိသည်ဟု ယူဆကြလေ့ ရှိပါသည်။ များသော အားဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သို့မဟုတ် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဦးစွာ ရယူပါသည်။ ယင်းသဘောတူညီချက်တွင် အကူးအပြောင်းကာလ နိုင်ငံရေးအစီအမံများ သို့မဟုတ် ကြားဖြတ် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ပါတည်း ပါဝင်သည်လည်း ရှိပါသည်၊ ယင်း သဘောတူညီချက် ရရှိပြီးနောက်မှ ဆက်လက်၍ စီမံသည်လည်း ရှိပါသည်။ နောက်ဆုံးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်မည့် ကာလရှည်အစီအမံ တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် အပြီးသတ် လုပ်ဆောင်ပါသည်။ ဤယူဆချက်အရ နိုင်ငံရေးဖြေရှင်းချက်သည် ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ဒေသအဖြစ် ပေါ်ထွက်လာ သည်ဟု နားလည်ထားကြပါသည်။ လက်တွေ့တွင် ထို့ထက်ပိုလွန်၍ များစွာရှုပ်ထွေးမှု ရှိနိုင် ပါသည်။ ငြိမ်းချမ်းရေးသဘောတူညီချက်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံများသည် ကျယ်ပြန့်စွာ လက်ခံထားသော နိုင်ငံရေးဖြေရှင်းချက်ကို ထင်ဟပ်လျက် စီစဉ်ဆောင်ရွက်ထားခြင်း များမဟုတ်ဘဲ ပဋိပက္ခကို ဖြေရှင်းရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေးကို စတင်တည် ဆောက်နိုင်ရန် နောက်ထပ်ဆွေးနွေးညှိနှိုင်းမှုများ လိုအပ်နေတတ်ပါသည်။ နိုင်ငံရေးဖြေရှင်းချက်များသည် ငြိမ်းချမ်းရေးသဘောတူညီချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အစီအမံများနှင့် မတူညီဘဲ သီးခြားစီဖြစ်သည်ဟု ယူဆမည်ဆိုက ယူဆနိုင်သော်လည်း ဖြစ်စဉ် တစ်ခုတည်း၏ အစိတ်အပိုင်းများအဖြစ် ရှေ့နောက်အစီအစဉ် တစ်မျိုးတည်းမဟုတ်ဘဲ အမျိုးမျိုး လုပ်ဆောင်နိုင်သော ဆက်စပ်လုပ်ငန်းများဟုလည်း ယူဆနိုင်ပါသည်။ ဥပမာ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသော အစုအဖွဲ့ အသီးသီးအကြား အခြေခံနိုင်ငံရေး နားလည်မှုကို အခြေခံ လျက် ငြိမ်းချမ်းရေး သဘောတူညီချက်များချုပ်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အစီအမံများ လုပ်ဆောင်ခြင်း ဖြစ်နိုင်သော်လည်း ယင်းတို့နှင့် နိုင်ငံရေးဖြေရှင်းချက်အကြား ဆက်စပ်ပုံမှာ များစွာ ကွဲပြားခြားနားနိုင်ပါသည်။..."

Creator/author: 

Christine Bell, Kimana Zulueta-Fülscher

ရင်းမြစ်: 

International Institute for Democracy and Electoral Assistance (IDEA)

Date of Publication: 

2019-05-23

Date of entry: 

2019-05-26

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

2.1 MB

Resource Type: 

text

Text quality: 

    • Good