ဖော်ပြချက်/အကြောင်းအရာ:
၂၀၁၆ ခုနှစ်ဇန်နဝါရီလတွင် မြန်မာနိုင်ငံ သတင်းဌာနမှသတင်းထဲတွင် နေပြည်တော်သည် ရေကာတာ ရေအားလျှပ်စစ်စီမံကိန်း ၄ ခု ကို နမ္မတူ( မြစ်ငယ် (သို့) ဒုဋ္ဌဝတီ )မြစ်ပေါ်တွင် တည်ဆောက်ရန်စီစဉ်လျှက်ရှိကြောင်း၊ ၎င်းအနက် ရေကာတာ (၃)ခုသည် ယခု
ရှမ်းပြည်နယ် ပဋိပက္ခ ဖြစ်ရာနေရာအတွင်းတွင်ဖြစ်နေသည်။ ၎င်းရေကာတာသစ်များ နှင့်
ရဲရွာရေကာတာတို့သည် မြစ်ကြောင်းတခုလုံး၏ထက်ဝက်ကိုပိတ်ဆို့လိုက်ရမည်ဖြစ်သည်။
ဆောက်လုပ်ဆဲအထက်ရဲရွာရေကာတာသည်နောင်ချိုမြို့နယ်တွင်ရှိပြီးဗမာစစ်အစိုး
ရက၂၀၀၈ခုနှစ်မှစ၍တည်ဆောက်ခဲ့သည်၊၂၀၁၈ခုနှစ်တွင်ပြီးရန်ခန့်မှန်းထားသည်။
တည်ဆောက်မည့်ရေလှောင်ကန်သည် အကျယ်အဝန်း (၆၀) ကီလိုမီတာ ရှိသည်။လူဦးရေ
(၅၀၀)ခန့်နေထိုင်သည့် ရှမ်းရွာကြီး ဖြစ်သော တာလုံရွာသည် ရေအောက်လုံးဝမြုပ်သွားပြီးသီပေါမြို့ ၏တစ်စိတ်တပိုင်းတို့မှာ လည်း ရေအောက်မြှပ်သွားနိုင်သည်။
တာလုံ ၏အဓိပ္ပါယ်မှာ (ဆိပ်ကမ်းကြီး)ဟုဆိုသည်၊စည်ကားသာယာသည်။ ရှမ်းပြည်နယ်-
မြောက်ပိုင်းတွက် အော်ဂင်းနစ် သဘာဝလိမ္မော်သီး၊ ကျွဲကောသီးတို့မှာ နမ္မတူမြစ်ကမ်း
တစ်လျှေက်တွင် စိုက်ပျိုးကြ၍ လူသိများသည်။ နှစ်ပေါင်းတစ်ရာကျော် ရှေးပဝေသဏီ
ကတည်းက တည်ထားကိုးကွယ်သော စေတီပုထိုးများလည်းရှိသည်။ ရေကာတာ မတည်
ဆောက်မှီကတည်းက တာလုံရွာသားတို့အား အကြောင်းကြားခြင်း မရှိသည့်ပြင် ညှိနှိုင်း တိုင်ပင်မှုများမရှိခဲ့ပေ။ သဘာဝနှင့် လူမှုဝန်းကျင်ထိခိုက်မှု အကဲခတ်အဖွဲ့ (ESIA) Environment and Social Impact Assessment တို့က၂၀၁၄ ခုနှစ်မှသာ စလုပ်ဆောင်လာသဖြင့် ရေကာတာစဆောက်ပြီး(၆) နှစ်မှ ရောက်လာခဲ့ခြင်းဖြစ်သည်။(ESIA)လုပ်နေစဉ်တွင်လည်း တာလုံရွာမှ ဒေသခံပြည်သူလူထုတို့မှာ ပြောင်းရွှေ့မှုကို မလိုလားကြကြောင်း ရှင်းရှင်းဖေါ်ပြကြသည်။
သို့သော်လည်း ဒီရေကာတာတည်ဆောက်မှုကို တရုတ်အရင်းအနှီး နှင့်ဆက်လက်
လုပ်ဆောင်နေပြီး တရုတ်၊ဂျပန်၊ဂျာမန် နှင့် ဆွစ်ကုမ္မဏီ တို့လည်းပါဝင်ပတ်သက်နေသည်
ရေလွှဲပေါက်ဥမင်လိုဏ်ခေါင်း မှ ပြီးစီးနေပြီဖြစ်ပြီး ရေကာတာ၏ အဓိကနံရံကို၂၀၁၆ ခုနှစ်
အစောပိုင်းတွင်တည် ဆောက်သွားမည်ဖြစ်သည်။
ရှမ်းပြည်နယ် နမ္မတူ မြစ်ပေါ်တွင်တည်ဆောက်မည့် အခြားသော ရေကာတာ စီမံကိန်းများမှာ နောင်ချိုမြို့နယ် တည်ဆောက်နေသော အလယ်ရဲရွာ ရေကာတာစီမံကိန်းသည် နော်ဝေနိုင်ငံပိုင် အက်စ် အင်န်ပါဝါ ( SN Power) တာဝန်ယူတည်ဆောက်သည်။ သီပေါမြို့နယ်ရှိ နမ္မတူမြစ် ပေါ်တည်ဆောက်နေသည့် ရေကာတာလည်း ပွင့်လင်းမြင်သာမှုမရှိသလို
ထိခိုက်နစ်နာမည့်လူထူကို ဆွေးနွေးအကြောင်းကြားခြင်းမရှိပေ။
၎င်းရေကာတာ များ၏ အဆင့်များကြောင့် မြစ်ချောင်းပေါ်ရှိ သဘာဝဂေဟ စံနစ်ကို ပြင်းထန်စွာ ထိခိုက်နိုင်သည်။ငါးများသွားလာကျက်စားရာကို အနှောက်အယှက်ဖြစ်စေသဖြင့် သီပေါမြို့မှ ထောင်ပေါင်းသော ရပ်သူ၊ရွာသားအများ မှီခိုစားသောက်ရသော ငါးများ ထိခိုက်နစ်နာနိုင်သည်။
အထက်တွင်ရှိ သတ္တုတူးဖေါ်သည့် လုပ်ငန်းများကြောင့် ရေလှောင်ကန်များ အဆိပ်သင့်ရကာ
ငါးတွေနှင့် အမှီပြုသည်သူများ၏ကျန်းမာလည်း ထိခိုက်နိုင်သည်။ သဘာဝပေါက်ပင်များ
ရေဠေယင်ကန်တွင် ပုပ်သိုးပြီးမီသိန်းဓါတ်များထုတ်လွှတ်သဖြင့်ကမ္ဘာကြီးကိုပိုမိုပူနွေးလာမှု
ကို ပိုဖြစ်စေသည်။
အခြားသောစိုးရိမ်ပူပန်မှုမှာ သီပေါမြို့နယ် နမ္မတူရေကာတာ စီမံကိန်းအောက်ပိုင်းတွင်
နေသောသူများသည်ရေကာတာလုပ်ငန်း၏ ရေအတက်အကျကိုမခန့်မှန်းနိုင်ရကာမြစ်ကမ်း
တစ်လျှောက်တွင် ရုတ်တရက်တစ်ရှိန်ထိုးရေကြီးလာနိုင်သော အန္တရာယ်များ
ကြုံနိုင်သည်။အကယ်၍ မိုးသည်းထန်စွာရွာသွန်းပါက ကြီးမားသောရေထုထည်ကိုရေဂါတာ
က လွှတ်ချမည်ဖြစ်သဖြင့် မြစ်အောက်ပိုင်းတွ?
ရင်းမြစ်:
Shan Human Rights Foundation, Shan State Farmers? Network, Shan Sapawa Environmental Organization
Date of Publication:
2016-03-00
Date of entry:
2016-04-03
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
1.41 MB
