ဖော်ပြချက်/အကြောင်းအရာ:
"ယနေ့ ၂၀၂၆ခုနှစ်၊ ဧပြီလ(၂၁)ရက်နေ့သည် အကျဉ်းထောင်အတွင်း လွတ်မြောက်လာသည့် အချိန်မှ စ၍ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် ရည်ရွယ်ကာ အပြာရောင်ဝတ်စုံကို အစဉ်တစိုက် ဝတ်ဆင်၍ တိုက်ပွဲဝင်တောင်းဆိုခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ နာယကတစ်ဦးလည်းဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့်မြောက်သည့် နေ့ရက် ဖြစ်ပါသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်အုပ်စု၏ တရားမဝင်အာဏာသိမ်းရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုခေါင်းဆောင်များအပါအဝင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာဖြင့် စစ်အာဏာရှင်စနှစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည့် နိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှားသူများ၊ သပိတ်အဖွဲ့ဝင်များ၊ သတင်းသမားများ၊ သမဂ္ဂအသီးသီး၏ အဖွဲ့ဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များ၊ CDMများ (အာဏာဖီဆန်ရေးလှုပ်ရှားမှု)၊ ပြည်သူလူထုများအား တရားဥပဒေမဲ့ ဖမ်းဆီး၍ အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများတွင် ဖမ်းဆီးချုပ်နှောင်ကာ စစ်ကြောရေးနှင့် အကျဉ်းထောင်များတွင် မတရားဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသား အမျိုးသား၊ အမျိုးသမီး၊ LGBTQI+ နှင့် ကလေးသူငယ်များအပေါ် လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်မှုများ၊ အကျဉ်းသားအခွင့်အရေးအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ၂၀၂၆ခုနှစ် ဧပြီလ ( ၂၀ ) ရက်နေ့ ထုတ်ပြန်ချက်များ အရ အကျဉ်းထောင်များနှင့် ထိန်းသိမ်းရေးစခန်းများတွင် အနည်းဆုံး နိုင်ငံရေးအကျဉ်းသား အမျိုးသား( ၇၂၁၆)ဦး ၊အမျိုးသမီး ( ၆၃၉၄ ) ဦးနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်(၆၃၇) ဦးတို့ကို ဖမ်းဆီးအကျဉ်းချထားလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၂၆ ခုနှစ် ဧပြီလ(၁) ရက်နေ့အထိ အကျဉ်းထောင်များတွင် မတရားဖမ်းဆီး အကျဉ်းချခံထားရစဉ် နိုင်ငံရေးအကျဉ်းသား အမျိုးသား(၂၃၇) ဦး၊ အမျိုးသမီး(၄၁)ဦး၊ LGBT (၁)ဦးသည် အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရခြင်းနှင့် သဘာဝဘေးအန္တရာယ်ဖြစ်ချိန် အရေးပေါ်ဆေးဝါးကုသခွင့်မရရှိခြင်းတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။
မိမိတို့ အဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဧပြီလ(၁၀)ရက်နေ့မှစတင်ကာ ယနေ့ ဧပြီလ (၂၁)ရက်နေ့အထိ (၁၂)ရက်တာ Blue Shirt Campaign လူထုလှုပ်ရှားမှုတစ်ရပ်ကို ဖော်ဆောင်လျက် ရှိပါသည်။
သို့ပါသောကြောင့် ကမ္ဘာ့ကုလသမဂ္ဂ(UN)၊ ဥရောပသမဂ္ဂ(EU)၊ အာဆီယံ၊ အမေရိကန်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ ခေါင်းဆောင်များအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် အထူးအလေးထား၍ ကြိုးစားဆောင်ရွက်ပေးရန်၊ စစ်အုပ်စုမှ တဆင့် နိုင်ငံတကာအား လှည့်စားရန် ဖော်ဆောင်လာသော တရားမဝင် အတုအယောင်အစိုးရအား အသိအမှတ်မပြုရန်နှင့် ပြည်သူလူထုကို လေကြောင်းမှ ဗုံးကြဲနေမှုများကို ရပ်တန့်နိုင်ရန်အတွက် လေယာဉ်ဆီရောင်းချနေမှုများအား ရပ်တန့်ရန်၊ မြန်မာပြည်သူများအပေါ် ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုများနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မတရားအာဏာသိမ်းရန်ကြိုးပမ်းနေသည့် စစ်တပ်အား နိုင်ငံတကာဥပဒေအရအရ တာဝန်ခံစေရေး ကြိုးပမ်းပေးရန်၊ မြန်မာပြည်အတွင်း ဆိုးရွားစွာ ဖြစ်ပေါ်နေလျက်ရှိသည့် စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူသားမျိုးနွယ်အပေါ် ချိုးဖောက်နေသည့် ရာဇဝတ်မှုများ အမြန်ဆုံးရပ်တန့်ရန် ထိရောက်မြန်ဆန်သည့် ဖိအားပေးလုပ်ဆောင်ချက်များ လုပ်ဆောင်ပေးပါရန် အထူးအလေးထား တောင်းဆိုအပ်ပါသည်။..."
ရင်းမြစ်:
Blue Shirt Movement - Myanmar
Date of Publication:
2026-04-21
Date of entry:
2026-04-21
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
600.13 KB
Resource Type:
text
Text quality:
- Good
