မတရားဖမ်းဆီးခံခဲ့ရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့်ရရှိခြင်းအပေါ် သဘောထားထုတ်ပြန်ချက်

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ မတရားဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် မိသားစုနှင့် ပြန်လည်ဆုံစည်းခွင့်ရရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် ပြည်သူလူထုနှင့်အတူ ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ဖော်ပြအပ်ပါသည်။ ၂။ ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) သည် အောက်ပါ နိုင်ငံရေးရည်မှန်းချက်များကို ထုတ်ပြန်ခဲ့ပြီး လက်ရှိအချိန်အထိတိုင် ပြည်သူလူထုနှင့် အတူတကွ ခိုင်မာစွာ ရပ်တည်လျက် ယင်းရည်မှန်းချက်များအား ထပ်မံအတည်ပြုဖော်ပြအပ်ပါသည် - (က) စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ (ခ) သမ္မတကြီး ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသည့် အကျဉ်းသားများအားလုံးလွတ်မြောက်ရေး၊ (ဂ) ဒီမိုကရေစီရရှိရေး၊ (ဃ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး။ ၃။ နွေဦးတော်လှန်ရေးသည် နိုင်ငံသားတစ်ဦးချင်းစီ၏ အခွင့်အရေးများနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု မိမိတို့ အနေဖြင့် အပြည့်အဝ ယုံကြည်ပါသည်။ ယင်းအခွင့်အလမ်း အောင်မြင်စေရေးအတွက် တော်လှန်ရေး အင်အားစုများအကြား စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်နိုင်မှုသည် အထူးအရေးကြီးသောအချက် ဖြစ်ပါသည်။ ၄။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက် ရှိသကဲ့သို့ အခြားသော နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများအားလုံးနှင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အလေးအနက်ထား ကတိပြုလျက် ထပ်လောင်းအတည်ပြုထုတ်ပြန်အပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2026-04-20

Date of entry: 

2026-04-20

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

423.36 KB

Resource Type: 

text

Text quality: 

    • Good