ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့တွင်ကျရောက်သည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် ပြည်ထောင်စုဖွား ချင်းတိုင်းရင်းသားများအားလုံး ကိုယ်၊ စိတ် နှစ်ဖြာ ဘေးရန်ကင်းကွာပြီး ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
၂။ အမိမြန်မာနိုင်ငံတော်ကို နယ်ချဲ့တို့က (၃)ကြိမ်တိုင် ကျူးကျော်စစ် ဆင်နွှဲကာ သိမ်းပိုက်ခဲ့ပြီး နောက် တိုင်းပြည်လွတ်လပ်ရေးအတွက် တောင်တန်းမြေပြန့်မှ တိုင်းရင်းသားခေါင်းဆောင်ကြီးများ နှင့်အတူ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကာ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည့် တိုင်းရင်းသားများထဲတွင် ချင်းတိုင်းရင်းသားများလည်း အပါအဝင်ဖြစ်ပါသည်။
၃။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအပါအဝင်၊ နယ်မြေဒေသ အလိုက် မျိုးနွယ်စုအကြီးအကဲများ အုပ်ချုပ်သည့်စနစ်အစား ပြည်သူက ရွေးချယ်တင်မြှောက်သည့် အစိုးရက အုပ်ချုပ်သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြသည့်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကာ ယင်းသဘောကို အောက်မေ့ဆင်ခြင်ပြီး နှစ်စဉ်ကျင်းပလျက်ရှိပါသည်။
၄။ ၂၀၂၁ခုနှစ်အစောပိုင်းတွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စု၏ မအောင် မြင်သည့် အာဏာလုယူမှုဖြစ်စဉ်ပြီးနောက်တွင် တစ်နိုင်ငံလုံးက ပြည်သူများနှင့်အတူ ချင်းအမျိုးသားများသည်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြပါသည်။ ထိုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေမှုများကို အကြမ်းဖက်စစ်အုပ်စုက လက်နက်အားကိုးပြီး ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းမှုများ ပြုလုပ်လာမှုကြောင့် လက်နက်ကိုင်ခုခံတော်လှန်ရေး အသွင်ပြောင်းလဲ လှုပ်ရှားခဲ့ရပါသည်။ ထိုကဲ့သို့ လက်နက်ကိုင်ခုခံတော်လှန်ရေးတွင် ချင်းအမျိုးသားတို့၏ တူမီးတော်လှန်ရေးသည် အထင်ကရနှင့် ထိရောက်အောင်မြင်မှုအရှိဆုံး တော်လှန်ရေးတစ်ရပ်အဖြစ် သမိုင်းဝင်လျက်ရှိပါသည်။
၅။ ထိုမျှသာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ ရောက်ရှိနေထိုင်လျက်ရှိကြသည့် ပြည်ထောင်စုဖွား ချင်းတိုင်းရင်းသားများက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးစေရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး ဘုံရည်မှန်းချက်(၂)ရပ်အပေါ် တက်တက်ကြွကြွ အားပေးထောက်ပံ့မှုများကိုလည်း များစွာအသိအမှတ်ပြုလေးစားရပါသည်။ ဒီမိုကရေစီကို ချစ်မြတ်နိုးပြီး ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ကို လေးစားတန်ဖိုးထားသည့် ချင်းအမျိုးသားများ၏ သမိုင်းအဆက်ဆက် တော်လှန်ရေးတိုက်ပွဲများအတွင်း ပေးဆပ်အနစ်နာခံမှုများကိုလည်း လေးစားဦးညွတ်ပါကြောင်း အလေးအနက်ဖော်ပြရင်း ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။......
အမျိုးသားညီညွတ်ရေးအစိုးရ..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2024-02-20
Date of entry:
2024-02-20
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
237.82 KB
Resource Type:
text
Text quality:
- Good
