အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန - အဆင့်မြင့်ပညာကဏ္ဍ: အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ဖော်ပြချက်/အကြောင်းအရာ: 

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၉) ရက် ၁။ တရားမဝင် အကြမ်းဖက်စစ်အုပ်စုသည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၄) ရက်တွင် နအဖစစ်ကောင်စီ လက်ထက်က ထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေ (၂၀၁၀) ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ လ (၁၀) ရက်နေ့တွင် စတင်အသက်ဝင်သည်ဟု ကြေညာခဲ့သည်။ ၄င်းကြေညာချက်သည် အကြမ်း ဖက် စစ်အုပ်စုဖန်တီးထားသည့် အထွေထွေအကြပ်အတည်းများကြားတွင် ဒုက္ခပင်လယ်ဝေနေသည့် ပြည်သူလူထုတစ်ရပ်လုံးကို ထပ်မံ ပြင်းထန်စွာ ဖိနှိပ်လိုက်သော တရားမဝင်သည့် ကြေညာချက်သာ ဖြစ်သည်။ ၂။ အကြမ်းဖက်စစ်ကောင်စီ၏လုပ်ရပ်ဖြစ်သည့် လူ့အခွင့်အ‌ရေးချိုးဖောက်မှုတို့ကြောင့် ကျောင်းသား လူငယ်များနှင့် ပြည်သူတစ်ရပ်လုံး အနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော စိုးရိမ်ကြောင့်ကြမှု အခြေ အနေများအား အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြရန်နှင့် နွေဦးတော်လှန်ရေး၌ တတ်နိုင်သည့် ကဏ္ဍအသီးသီးမှ ဆက်လက်ပါဝင် တော်လှန်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ၃။ ကျောင်းသားများ၊ ဆရာများ၊ ဝန်ထမ်းများ၏ စိုးရိမ်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး ဝန်ကြီးဌာန၊ ကြားကာလတက္ကသိုလ်ကောင်စီများအနေဖြင့် အမှန်တကယ်သိရှိနားလည်ပြီး အဓမ္မ စစ်သားစုဆောင်းနေမှုများအား ဆန့်ကျင်လျက် ကျောင်းသားလူငယ်များ၊ ပြည်သူများနှင့်အတူ ဘက်ပေါင်းစုံမှ ပါဝင်တိုက်ပွဲဝင်လျက် ရှိပါသည်။ သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်ကောင်စီ၏ မတရား ကြေညာချက်ကို ငြင်းပယ်တော်လှန်လိုသော ကျောင်းသား/သူ၊ ဆရာ/မများ၊ ဝန်ထမ်းများအနေဖြင့် သတင်းအချက်အလက်များကို သိရှိနိုင်ရန်နှင့် အကူအညီများ တောင်းခံနိုင်ရန် မိမိတို့၏ သက်ဆိုင်ရာ တက္ကသိုလ်ကောင်စီများသို့ ဆက်သွယ်နိုင်ပါသည်။ ၄။ မိမိတို့ တက္ကသိုလ်ကောင်စီများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ မြို့နယ်အခြေခံ ပညာရေးဘုတ်အဖွဲ့များ၊ သက်မွေးပညာကောင်စီများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသား သမဂ္ဂများ၊ အလုပ်သမားသမဂ္ဂများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နီးစပ်ရာ သပိတ်အင်အားစုများ၊ တော်လှန်ရေး အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ သည်။ ၅။ အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မစစ်သားစုဆောင်းမှု ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်၍ ကြားကာလတက္ကသိုလ်ကောင်စီများက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါ သည်။...... ကြားကာလတက္ကသိုလ်ကောင်စီများ..."

ရင်းမြစ်: 

Ministry of Education, National Unity Government of Myanmar

Date of Publication: 

2024-03-29

Date of entry: 

2024-03-29

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

303.28 KB

Resource Type: 

text

Text quality: 

    • Good