Sub-title:
ဝမ်းနည်းကြောင်း သဝဏ်လွှာ
ဖော်ပြချက်/အကြောင်းအရာ:
"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၇/ ၂၀၂၄)
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်
ဝမ်းနည်းကြောင်း သဝဏ်လွှာ
၁။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့၊ ည (၉) နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် နေထိုင်သော ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် Grade 11 ကျောင်းသား မောင်မြင့်မြတ်ဦး (အသက် ၁၆ နှစ်) သည် ရွာပြင်သုဿန်မှ အင်တာနက်သုံးပြီး အိမ်အပြန်လမ်းတွင် လူမဆန်စွာ အသတ်ခံရကြောင်း သိရှိရပါသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် မောင်မြင့်မြတ်ဦး သေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်။
၃။ မောင်မြင့်မြတ်ဦးအား လူမဆန်ရက်စက်စွာအသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီး ဌာနသည် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းပြီး ဖြစ်စဉ်မှန်ပေါ်ပေါက်ပြီး ကျူးလွန်သူများအား အပြစ်ပေးအရေးယူနိုင်ရန် အလျင်အမြန်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၄။ နွေဦးတော်လှန်ရေးတွင် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာပညာသင်ယူခွင့်၊ ဘေးကင်းလုံခြုံစွာ နေထိုင်ခွင့်တို့အား ချိုးဖောက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ အမိန့်ပေးစေခိုင်းသူများ၊ ကိုယ်တိုင်ကျူးလွန်သူများ အားလုံးအနေဖြင့် တာဝန်ခံရမည် ဖြစ်သည်။
၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေး၀န်ကြီးဌာနသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်း နှိပ်စက်မှုများအား အပြင်းအထန် ရှုတ်ချပြီး ပြစ်မှုကျူးလွန်မှု ဖြစ်စဥ်များကို အသေးစိတ်မှတ်တမ်းတင်လျက် ကျူးလွန်ခံရသူများအတွက် တရားမျှတမှုကို နည်းလမ်း အမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပါ သည်။..."
ရင်းမြစ်:
Ministry of Education, National Unity Government of Myanmar
Date of Publication:
2024-07-10
Date of entry:
2024-07-10
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
211.67 KB
Resource Type:
text
Text quality:
- Good
