ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကို တိုင်းတစ်ပါး သားတို့မှ ကျူးကျော်နယ်ချဲ့သိမ်းပိုက်မှုကြောင့် နှစ်ပေါင်း(၆၀)ကျော်ကြာ သူ့ကျွန်ဘဝဖြင့် နေထိုင်ခဲ့ ရာမှ ဖိနှိပ်မှုအမျိုးမျိုးတို့ကို ခေါင်းငုံ့မခံလိုစိတ်၊ လွတ်လပ်မှုကို မြတ်နိုးသောစိတ်တို့ဖြင့် တောင်တန်း ပြည်မတိုင်းရင်းသားခေါင်းဆောင်များ စုစည်းပြီး ကျူးကျော်သူများကို ရဲရဲဝံ့ဝံ့ ပြန်လည်ရုန်းကန် တော် လှန်နိုင်မှုကြောင့် တိုင်းပြည်၏ အချုပ်အခြာအာဏာနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ကို လက်ဝယ် ပိုင်ပိုင် ပြန်လည်ဆုပ်ကိုင်နိုင်ခဲ့ပြီး လွတ်လပ်သော မြန်မာနိုင်ငံတော်အဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ (၇၆)နှစ်ပြည့်မြောက်ခဲ့သည့် အခါသမယဖြစ်ပါသည်။
၂။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးသည် တိုင်းတစ်ပါးသားတို့၏ ကျူးကျော်မှုကို တော် လှန်တိုက်ပွဲဝင်ကာ သူ့ကျွန်ဘဝကလွတ်မြောက်ခဲ့ကြသော်လည်း လွတ်လပ်ရေးရပြီးနောက် ခေတ် အဆက်ဆက်တွင် တိုင်းပြည်အာဏာကို လိုချင်တပ်မက်စိတ်ဖြင့် မတရားရယူ ပိုင်ဆိုင်လိုကြသော စစ်ခေါင်းဆောင်များ၏ လက်နက်အားကိုး အနိုင့်အထက်ပြုကျင့်မှုများ၊ အခြေခံလူ့အခွင့်အရေးများ ချိုးဖောက်ပိတ်ပင်မှုများကို ကာလရှည်ကြာစွာ တွေ့ကြုံခံစားကြရပြီး စစ်ကျွန်ဘဝကို ထပ်မံရင်ဆိုင် ကြုံတွေ့ခဲ့ကြရသည်။
၃။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် နေ့တွင် တိုင်းပြည်အာဏာကို မတရားလုယူရန် ထပ်မံကြိုးပမ်းပြီး ခေတ်အဆက်ဆက် စစ်အာဏာ ရှင်များထက် ပိုမိုဆိုးဝါးပြင်းထန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူး လွန်လာခဲ့ရာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက ပြည်သူ့နွေဦးတော်လှန်ရေးကို ဆင်နွှဲကာ ရရာလက်နက် စွဲကိုင်တော်လှန်ကြရသည့် အခြေအနေအထိ ဆိုက်ရောက်လာခဲ့ပေသည်။ လက်ရှိ အချိန်ကာလသည် တိုင်းရင်းသားပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်မှုအားနှင့် မြန်မာနိုင်ငံ၌ ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုများ အားလုံး၏ အခြေခံကောင်းများ စုစည်းပေါင်းစုံပြီး အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလားအလာကောင်းများ ရရှိပိုင်ဆိုင်နေသော အချိန်အခါကောင်းလည်းဖြစ်ပေသည်။
၄။ သို့ဖြစ်ပါ၍ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ မျိုးဆက်သစ် တော်လှန်ရေးခေါင်းဆောင်များ အားလုံးအနေဖြင့် ပြည်သူ့အားကိုယူကာ ထိုအချိန်အခါကောင်းကို အမိအရကိုင်စွဲရယူပြီး သမိုင်းတွင် ရရှိခံစားခဲ့ဖူးသည့် ဖိနှိပ်ချုပ်ချယ်မှုအပေါင်းတို့မှ အပြီးတိုင် လွတ်မြောက်ခဲ့သည့် လွတ်လပ်ရေးအသီးအပွင့်ကို တဖန်ပြန်လည် ရရှိခံစားကြရတော့မည့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီရောက်သည်အထိ တွဲလက်မဖြုတ်စတမ်း၊ အသံမစဲ အလံ မလှဲစတမ်း ဆက်လက်ထုဆစ် ပုံဖော်သွားကြပါစို့ဟု အလေးအနက် ပန်ကြားရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2024-01-04
Date of entry:
2024-01-04
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
1.45 MB
Resource Type:
text
Text quality:
- Good
