ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်၊ ည ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက် (Munglai Hkyet) စစ်ဘေးရှောင်စခန်းအား အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း တို့ကို တပြိုင်နက် အသုံးပြုကာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
၂။ ကနဦးရရှိသော သတင်းများအရ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်စခန်းရှိ ကလေးသူငယ် ၁၃ ဦးနှင့် အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ၃၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅၇ ဦးထက်မနည်းရှိကြောင်း သိရှိရသည်။ မြေပြင်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင် နေဆဲဖြစ်ပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာ ပိုမိုများပြားလာနိုင်ပါသည်။ ထို့အပြင် အဆိုပါ တိုက်ခိုက်မှုဒဏ်ကြောင့် စစ်ဘေးရှောင်စခန်း အပြင် စာသင်ကျောင်း ၁ ကျောင်း ၊ မူကြိုကျောင်း ၁ကျောင်း၊ ဘုရားကျောင်း ၁ ကျောင်း နှင့် အရပ်သားလူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရှိရသည်။
၃။ အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများနေထိုင်သောစစ်ဘေးရှောင် စခန်းအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်သည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းပင်ဖြစ်သည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ လူမဆန်စွာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု နှင့် စစ်ရာဇဝတ်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကချင်တိုင်းရင်းသားများနှင့်အတူ တသားတည်း ရပ်တည်သွားမည်ဖြစ်သည်။ ကချင်တိုင်းရင်းသားများ၏ ထိခိုက်ဆုံးရှုံးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ထပ်တူ နာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူများအတွက် တရားမျှတမှု ပြန်လည်ရယူပေးနိုင်ရေးအတွက် အတူတကွ အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်သည်။
၅။ ယခုဖြစ်ရပ်သည် အစ္စရေးလ်နှင့်ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက စိုးရိမ်မှုမြင့်တက်ကာ အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူ၍ အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို အချိန်ကိုက် ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်သည်။
၆။ အကြမ်းဖက်စစ်ကောင်စီ၏ ယခုကဲ့သို့ ကျူးလွန်မှုများနှင့် အလားတူ ထပ်မံကျူးလွန်မှုများ မရှိစေရန် နိုင်ငံတကာအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပိုဒ် ၂၆၆၉ အရ အချိန်နှင့်တပြေးညီ ပြင်းထန်ထိရောက်စွာ ဟန့်တားအရေးယူပေးပါရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နှင့်အတူ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန် အလေးအနက် တောင်းဆိုတိုက်တွန်းလိုက်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2023-10-10
Date of entry:
2023-10-10
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
269.25 KB
Resource Type:
text
Text quality:
- Good
