ဖော်ပြချက်/အကြောင်းအရာ:
"၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန နှင့် မဟာမိတ်များ စစ်ဒေသအလိုက် တည်ဆောက်ထားသည့် Chain of command အောက်တွင် ပါဝင်လျက် Code of Conduct စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်မည်ဟူသော သဘောတူညီချက်ဖြင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် အခြေစိုက်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)၏ တပ်ဖွဲ့များကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၃)၊ (၄)၊ (၅)၊ (၆) အဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ရက်စွဲဖြင့် အသိအမှတ်ပြုကွပ်ကဲမှု ရယူခဲ့ပါသည်။
၂။ ကွပ်ကဲမှုရယူပြီးနောက် အခြားပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများနည်းတူ တပ်ရင်း ထောက်ပံ့မှုများကို ၂၀၂၂ ခုနှစ် ၊ မေလ မှစတင်၍ ပြုလုပ်ခဲ့ရာ ယခုအချိန်အထိ စုစုပေါင်း ကျပ်သိန်း ၃၁၈,၀၀၀,၀၀၀ (မြန်မာကျပ်ငွေ သိန်းပေါင်း သုံးထောင် တစ်ရာ ရှစ်ဆယ်သိန်း တိတိ) (ခန့်မှန်းအမေရိကန် ဒေါ်လာ (၁၂၂,၉၇၆.၄၈)) ထောက်ပံ့ခဲ့ပြီးဖြစ်သည်။
၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းများအဖြစ် အသိအမှတ်ပြု ကွပ်ကဲမှုမယူမီကာလကလည်း MRDA ၏ ထုတ်လုပ်ရေးလုပ်ငန်းများအတွက် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၂၄,၁၆၆.၆၇) ထောက်ပံ့ခဲ့ပြီး ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ပြည်တွင်း၊ ပြည်ပ အလှူရှင်များ၏ လှူဒါန်းမှု စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၂၈,၀၇၀) ကိုလည်း ဆက်သွယ်ပေးပို့ခဲ့သည်။
၄။ ၂၀၂၂ ခုနှစ်၊ မတ်လ အတွင်း MRDA အနေဖြင့် ၎င်း၏ ရန်ပုံငွေဖြင့် လက်နက်ပစ္စည်းဝယ်ယူနိုင်ရန် အတွက် မဟာမိတ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ရုံသာမက ကာကွယ်ရေးဝန်ကြီးဌာနက ခန့်မှန်း အမေရိကန်ဒေါ်လာ (၉၀,၀၀၀) ကို အားဖြည့်ထောက်ပံ့ပေးခဲ့သည်။
၅။ တော်လှန်ရေးကာလ အစောပိုင်းတွင် MRDA အတွက် မောင်းပြန် (၅) လက်နှင့် ဆက်စပ်ခဲယမ်းများကို ဝန်ကြီးဌာနအနေဖြင့် လည်းကောင်း၊ ဗုံးပစ်လောင်ချာ (၁၅) လက်နှင့် ဆက်စပ်ခဲယမ်းများကို အမှတ် (၁) စစ်ဒေသမှ တဆင့် လည်းကောင်း ထောက်ပံ့ပေးခဲ့သည်။ ထို့အတူ အသိအမှတ်ပြု ကွပ်ကဲမှုယူပြီး ဖြစ်သော တပ်ရင်း လေးရင်း အနက် ယင်းမာခရိုင်အမှတ် (၆) တပ်ရင်းကို မောင်းပြန် (၉၃) လက်နှင့် ဗုံးပစ်လောင်ချာ (၇) လက်တို့ကို တပ်ဆင်ပေးခဲ့သည်။
၆။ ပြည်သူ့တော်လှန်ရေးမဟာမိတ်များအနေဖြင့် ခုခံတွန်းလှန်စစ် အောင်မြင်ရေးအတွက် တိကျခိုင်မာ၍ ရှင်းလင်းပြတ်သားသည့် ကွပ်ကဲမှုစနစ် တည်ဆောက်လျက်ရှိရာ ယင်းမာပင်ခရိုင်တပ်ရင်း (၃)၊ (၄)၊ (၅)၊ (၆) တို့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအဖြစ် ဆက်လက်ခံယူလျက် Chain of Command နှင့် Code of Conduct (COC) နှစ်ရပ်ကို လေးစားလိုက်နာဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာန နှင့် စစ်ဒေသကလည်း ဆက်လက်အသိအမှတ်ပြုထောက်ပံ့လျက် ကွပ်ကဲမှုရယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2023-09-14
Date of entry:
2023-09-16
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
274.15 KB
Resource Type:
text
Text quality:
- Good
