ဖော်ပြချက်/အကြောင်းအရာ:
"၁။ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) သည် တောင်ပေါ်မြေပြန့် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ အကြမ်းဖက်(စကစ) စစ်အုပ်စု အား ပြန်လည်ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ရက်စွဲပါ သဘောထားကြေညာချက်(၁/၂၀၂၃) ထုတ်ပြန်ခဲ့မှုသည် ပြည်သူလူထုနှင့်အတူ ရပ်တည်လျက် နွေဦးတော်လှန်ရေးတွင် ပြတ်သားစွာ လက်တွဲပါဝင် ဆောင်ရွက်သွားမည်ကို ဖော်ညွှန်းသော သမိုင်းတွင်မည့် လုပ်ဆောင်ချက်ဖြစ်သဖြင့် ဂုဏ်ယူအားတက်ရပါသည်။
၂။ ယခုကဲ့သို့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအနေဖြင့် နွေဦး တော်လှန်ရေးတွင် တက်ကြွစွာဖြင့် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် ဆင်နွှဲနေကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုကြီးနှင့်အတူ ရပ်တည်ချက် ခိုင်မာစွာ မိမိတို့အားလုံး၏ ဘုံရန်သူ စစ်မိစ္ဆာအား အတူတကွ ပြန်လည် တော်လှန်ခုခံသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ် ပြန်ကြေညာသည့်အတွက် လှိုက်လှဲစွာ ကြိုဆို ဝမ်းမြောက်သည်ကို ဖော်ပြလိုပါသည်။
၃။ စစ်အာဏာရှင်စနစ်အား အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းရာတွင် ကရင်နီပြည်လူမျိုး ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး အနေဖြင့် တိကျသော ရည်မှန်းချက်များ ချမှတ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အခြားတိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီးတို့နှင့် လက်တွေ့ကျကျ တော်လှန်ရေး လုပ်ငန်းများကို ပူးတွဲလုပ်ဆောင်သွားမည်ကို သိရှိရသည့်အတွက် ပြည်သူလူထု အားလုံး၏ ကိုယ်စား အားအင်သစ်များ ရရှိပါကြောင်းနှင့် မှန်ကန်သော ရပ်တည်ချက်နှင့် သဘောထားများ အတွက် ကဏ္ဍအလိုက် ချိတ်ဆက်ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."
ရင်းမြစ်:
Committee Representing Pyidaungsu Hluttaw
Date of Publication:
2023-07-02
Date of entry:
2023-07-02
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
351.91 KB
Resource Type:
text
Text quality:
- Good
