ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၁)ရက်နေ့တွင် ကျရောက်သည့် (၁၄၈)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အချိန်အခါသမယတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ၌ ရောက်ရှိနေထိုင်နေကြသော ကရင်နီလူ မျိုးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံ၍ ဘေးရန်အပေါင်းမှ ကင်းကွာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၂။ ကရင်နီပြည်သည် သီးခြားလွတ်လပ်သည့် တိုင်းပြည်ဖြစ်သောကြောင့် ကရင်နီပြည်ကို မည် သည့် နည်းနှင့်မျှ အုပ်ချုပ်စိုးမိုးခြင်း ပြုလုပ်ကြမည်မဟုတ်ကြောင်း ဗမာဘုရင်ကိုယ်စား ကင်းဝန်မင်းကြီး ဦးကောင်းနှင့် အင်္ဂလိပ်ဘုရင်ခံချုပ်ကိုယ်စား ဆာဒေါ့ကလပ်ဖောဆစ်(သ်)တို့မှ ၁၈၇၅ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့တွင် လက်မှတ်ရေးထိုး၍ နှစ်နိုင်ငံအကြား သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ယင်းနေ့ထူးနေ့ မြတ်ကို ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပခဲ့ကြသည်။
၃။ ယခုအချိန်သည် အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာသိမ်းအုပ်ချုပ်ရန် ကြိုးပမ်းမှုကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများနည်းတူ ကရင်နီတစ်မျိုးသားလုံးနှင့် ကရင်နီတော် လှန်ရေးအင်အားစုများက လုံးဝလက်မခံနိုင်ကြဘဲ ဆန့်ကျင်တော်လှန်နေကြသည့်ကာလဖြစ်သလို အကြပ်အတည်းအခက်အခဲများကို ရင်ဆိုင်နေကြရသည့် အချိန်လည်းဖြစ်ပါသည်။
၄။ ယနေ့ကျရောက်သော ကရင်နီအမျိုးသားနေ့ကို တိုင်တည်၍ ကရင်နီအမျိုးသားများအားလုံး စည်းလုံးညီညွတ်ပြီး ကရင်နီအမျိုးသားများ လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆထက်တိုးကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
၅။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး နိုင်ငံရေးတန်းတူညီမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိ သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှုများလည်း ပြီးမြောက်အောင်မြင်နိုင်ကြ ပါစေကြောင်းနှင့် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေဖြင့် ကရင်နီပြည်သူတစ်ရပ်လုံးနှင့်အတူ ခိုင်မာစွာရပ်တည်၍ ယခုဆင်နွှဲနေသည့် နွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင် သည်အထိ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2023-06-21
Date of entry:
2023-06-21
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Administrative areas of Burma/Myanmar:
Karenni State
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
425.58 KB
Resource Type:
text
Text quality:
- Good
