ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ် သလို ဗုဒ္ဓသက္ကရာဇ် ၂၅၆၇ ခုနှစ်သို့ ကူးပြောင်းရောက်ရှိရာ နေ့တစ်နေ့လည်းဖြစ်ပါသည်။ ဤမွန်မြတ်သော နေ့ထူးနေ့မြတ် အချိန်အခါသမယတွင် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ ကြောင်း မေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
၂။ ဗုဒ္ဓနေ့တွင် အလောင်းတော်ဖွားမြင်တော်မူခြင်း၊ သဗ္ဗေညုတဉာဏ်တော်ကိုရရှိခြင်း၊ ပရိ နိဗ္ဗာန် စံဝင်တော်မူခြင်းဟူသော ဖြစ်စဉ်များသည် ကဆုန်လပြည့်နေ့တွင်သာ တိုက်ဆိုင် စွာ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် အလွန်ထူးခြားသော နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပါသည်။ လောကတွင် အကြောင်းအကျိုးမှ လွတ်ကင်းပြီး မည်သည့်အရာမျှ ဖြစ်ပေါ်ခြင်းမရှိ ကြောင်း လက်တွေ့ကျင့်ကြံသိရှိတော်မူခဲ့ပါသည်။
၃။ မြတ်စွာဘုရားရှင်သည် သဗ္ဗေညုတဉာဏ်ကို ရရှိတော်မူပြီး နှစ်လအကြာ ဝါဆိုလပြည့် နေ့မှ စတင်ကာ သူ၏ အယူဝါဒများကို လောကတခွင် ပျံ့နှံ့အောင် ကြိုးစားတော်မူခဲ့ ပါသည်။ သံသရာမှ လွတ်မြောက်ရာလမ်းကို မိမိကိုယ်တိုင်လည်း ရရှိအောင် ကြိုးစား အားထုတ်ခဲ့သလို သတ္တဝါအများကိုလည်း ထိုလမ်းကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင် အောင် လမ်းညွှန်ပြသခဲ့ပါသည်။ ရှေ့ဆောင်ပြီး ကိုယ်တိုင်ကျင့်ကြံခဲ့သလို အများကို လည်း ကျင့်ကြံစေခဲ့ပါသည်။ မိမိသွားလိုသော၊ မိမိရယူလိုသောအရာကို ကိုယ်တိုင်ရယူ မှသာ အောင်မြင်ရယူပိုင်ဆိုင်နိုင်ကြောင်းကို လက်တွေ့အားဖြင့် ကိုယ်တိုင်ကျင့်ကြံကာ ဟောကြားတော်မူခဲ့ပါသည်။
၄။ ထို့ကြောင့် မိမိတို့လိုလားတောင့်တအပ်သော နိုင်ငံတော်သစ်ကို ကြိုးပမ်းရာတွင် မြန်မာ ပြည်သူ၊ ပြည်သားများ၏ ကြိုးစားအားထုတ်မှုသာ အဓိကကျသည်မှာ ဧကန်မလွဲပင်ဖြစ် ပြီး ပြည်သူများ၏ မဆုတ်မနစ်တိုက်ပွဲဝင်မှုများကြောင့် ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် မုချဧကန်အောင်မြင်မည်ဖြစ်ပါသည်။ နွေဦးတော်လှန်ရေးတွင် ပါဝင်ရင်း အသက်ပေးလှူသွားကြသော မြန်မာနိုင်ငံသူနိုင်ငံသားများ မြင့်မြတ်ရာ ဘုံဌာနတွင် ရောက်ရှိ ခံစားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် ဗုဒ္ဓမြတ်စွာ၏ စံနမူနာပြုထိုက်သော အကျင့်တရားများကို ကျင့်ကြံအား ထုတ်ပွားများနိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2023-05-03
Date of entry:
2023-05-03
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
184.36 KB
Resource Type:
text
Text quality:
- Good
