ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၁၉၉၇ ခုနှစ်မှစ၍ ရခိုင်တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် လူလတ်ပိုင်းများ၏ စုစည်းလှုပ်ရှားမှုမှ ရက္ခိုင့်တပ်တော် ပေါ်ပေါက်လာရန် အစပြုခဲ့သည်။ ရက္ခိုင့်တပ်တော် ကို ၂၀၀၉ ခုနှစ်၊ ကချင်ပြည်နယ် လိုင်ဇာတွင် ရခိုင်လူငယ် ၂၆ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်မှစ၍ ရခိုင်တစ်မျိုးသားလုံး၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိရေးတို့အတွက် ရက္ခိုင့်တပ်တော်ကို ဖွဲ့စည်းတည်ထောင် ခဲ့သည်မှာ ဒီကနေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့သည် (၁၄)နှစ်မြောက် နှစ်ပတ်လည်သို့တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။
၂။ ဒီကနေ့ (၁၄)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တစ်နိုင်ငံလုံးရှိ တိုင်းသူပြည်သားအားလုံးကို ဆယ်စုနှစ်ပေါင်း များစွာ ဆင်းရဲဒုက္ခပေးနေသည့် စစ်အုပ်စု၏ ဖိနှိပ်မှုများကို တောင်ပေါ်၊ မြေပြန့် ကျေးလက်၊ မြို့ပြ မကျန် တော်လှန်နေကြချိန်တွင် ကျန်တိုင်းရင်းသား သွေးချင်းညီနောင်များ နှင့်အတူ ဒိုးတူပေါင်ဖက် ညီညီညွတ်ညွတ် လက်တွဲတိုက်ပွဲ၀င်နေကြသည့် ရက္ခိုင့်တပ်တော်ကို ဘေးအန္တရာယ်အပေါင်းမှ ကင်းကွာ၍ ကိုယ်စိတ်နှစ်ဖြာ လုံခြုံကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
၃။ ယနေ့အချိန်အခါတွင်လည်း ရခိုင်ဒေသများတွင် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး တိုင်းရင်းသားလူမျိုးများ အားလုံးအတွက် တန်းတူညီမျှမှု၊ အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေးအတွက် တိုက်ပွဲများတွင် ပေးဆပ်အနစ်နာခံကာ စွမ်းစွမ်းတမံ ပါ၀င်နေကြသည့် မဟာမိတ်များနှင့်အတူ ရက္ခိုင့်တပ်တော်၏ ကြိုးပမ်းအားထုတ်မှု ပေးဆပ်အနစ်နာခံမှုများကို များစွာ အသိအမှတ်ပြုပါသည်။ ရက္ခိုင့်တပ်တော်တည်ထောင်ခဲ့သည့် (၁၄)နှစ်တာ ကာလအတွင်း ရခိုင်တစ်မျိုးသားလုံး ယုံကြည်အားကိုးရသည့် တပ်တော်အဖြစ် ရပ်တည်နိုင်ခဲ့မှုအပေါ် များစွာ ဂုဏ်ယူမိပါသည်။
၄။ ရက္ခိုင့်တပ်တော်၏ခေါင်းဆောင်များ နှင့် ရခိုင်တစ်မျိုးသားလုံး လိုလားတောင့်တသည့် တရားမျှတမှု ရရှိရေးကို ဦးတည်လျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်များ အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
Ministry of Justice - NUG
Date of Publication:
2023-04-10
Date of entry:
2023-04-10
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
169.47 KB
Resource Type:
text
Text quality:
- Good
