ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့ ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့တွင် ကျရောက်သည့် (၅၅)နှစ်မြောက် ကယောအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုကြောင်းနှင့် ကယောတိုင်းရင်းသားများနှင့်အတူ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့် ပြည့်စုံ၍ ဘေးအပေါင်း၊ ရန်အပေါင်း ကင်းဝေးလုံခြုံကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။
၂။ ဤနေ့ထူးနေ့မြတ်သည် ကယောလူမျိုးတို့၏ အစဉ်အလာကြီးမား၍ တစ်မူ ထူးခြားသော ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဘာသာစကားများကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မိမိတို့၏ ဇာတိသွေး၊ ဇာတိမာန် ဖော်ထုတ်ခြင်း၊ အမျိုးသားရေး ဝိသေသန လက္ခဏာများကို ဖော်ထုတ်ခြင်းနှင့် ကယောဟူသည့် မူလအမည်နာမသို့ ပြောင်းလဲခေါ်ဆို ခြင်း အထိမ်းအမှတ်အဖြစ် ကယောအမျိုးသားနေ့ကို ကျင်းပပြုလုပ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၅၅)နှစ်သို့တိုင်အောင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည့်အတွက် များစွာ ဂုဏ်ယူ ဝမ်းမြောက် မိပါသည်။
၃။ ကယောလူမျိုးများ၏ ထူးထူးခြားခြားအောင်မြင်မှုများနှင့် ကယောပြည်နယ်၏ နွေဦး တော်လှန်ရေးတွင် တက်ညီလက်ညီ အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ခဲ့မှုများ၊ ကယော ပြည်သူများ၏ အရေးပါသည့် ပံ့ပိုးကူညီမှုများအားလည်း အသိအမှတ်ပြု လေးစားကျေးဇူး တင်ရှိအပ်ပါသည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနအနေဖြင့်လည်း တိုင်းရင်းသား များ၏ ဓလေ့ထုံးတမ်းနှင့် လိုက်လျောညီထွေမှုရှိသည့် ဖက်ဒရယ်တရားစီရင်ရေးတစ်ရပ် ဖြစ်ပေါ်လာစေရန် အတွက် ဦးလည်မသုန် ကြိုးစား ဆောင်ရွက်လျက်ရှိရာ ကယောလူမျိုးများ အပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး တရားမျှတမှုနှင့် တန်းတူညီမျှမှုဆိုင်ရာ အခြေခံမူများရရှိစေရန်နှင့် သာယာဝပြောစွာ နေထိုင်နိုင်ပြီး ပိုမိုငြိမ်းချမ်းသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရန် ကယောလူမျိုးများ၊ အခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့် လက်တွဲ၍ အာဏာရှင်စနစ် အမြစ်ပြုတ်အောင် ဆက်လက် ဆောင်ရွက် သွားပါမည်။
၅။ ကျွန်ုပ်တို့ သွေးချင်းညီအစ်ကိုမောင်နှမများသည် တွဲလက်ခိုင်မြဲ စည်းလုံးစွာဖြင့် ကြမ်းကြုတ် ရက်စက်လှသော စစ်အာဏာရှင်စနစ်ဆိုးကို အတူတကွ တွန်းလှန်တိုက်ထုတ်၍ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်လိမ့်မည်ဟု ဧကန်မုချ ယုံကြည်လျက် ဤမင်္ဂလာ အခါသမယတွင် (၅၅)နှစ်မြောက် ကယောအမျိုးသားနေ့အား ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုအပ်ပါသည်။..."
ရင်းမြစ်:
Ministry of Labour - National Unity Government of Myanmar
Date of Publication:
2023-04-15
Date of entry:
2023-04-15
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
182.03 KB
Resource Type:
text
Text quality:
- Good
