ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့ကျရောက်သည့် ထူးမြတ်သော (၂၇၆၂)ခုနှစ်မြောက် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ အချိန်အခါသမယတွင် ကရင်နီပြည်နယ်အတွင်းနှင့် နိုင်ငံတကာရောက် ပြည်ထောင်စုဖွား ကရင်နီ တစ်မျိုးသားလုံး နှစ်သစ်မှစ၍ ဘေးရန်အပေါင်းကင်းဝေးကြပြီး စိတ်သစ်၊ အင်အားသစ်နှင့် ညီညွတ်သောစုစည်းမှုဖြင့် နိုင်ငံရေးနှင့် တော်လှန်ရေးအမြင်သစ်တို့ကို အခြေပြုလျက် ဖက်ဒရယ် ဒီမိုကရေစီပန်းတိုင် သို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
၂။ ကရင်နီလူမျိုးတို့သည် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ပိုင်ဆိုင် ထားသည့် လူမျိုးများဖြစ်ကြသည်။ ကရင်နီတစ်မျိုးသားလုံး၏ နှစ်သစ်ကူးနေ့ရက်ကို ကရင်နီလ လဲဟျာ (၁) ရက်နေ့၊ ၁၉၅၂ ခုနှစ်၌ သတ်မှတ်ခဲ့ကြပြီး ယနေ့အထိဆိုပါလျှင် ကရင်နီသက္ကရာဇ် (၂၇၆၂)နှစ်မြောက်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။
၃။ အကြမ်းဖက်လူသတ် စစ်အာဏာရှင်အုပ်စုသည် လက်နက်အားကိုးဖြင့် လူသားချင်း ကိုယ်ချင်းစာစိတ်ကင်းမဲ့စွာ ကရင်နီဒေသအပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ ပြည်သူလူထုများအား မတရား ဖိနှိပ်သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှုများကို လူမဆန်စွာ ကျူးလွန်ခြင်း၊ ကရင်နီလူမျိုးများ၏ နေအိမ်နှင့် ဘာသာရေး အထွတ်အမြတ် အဆောက်အဦးများကို မီးရှို့ ဖျက်ဆီးခြင်း၊ အပြစ်ကင်းစင်သည့် အရပ်သားပြည်သူများအား ပစ်မှတ်ထားပြီး အငြိုးကြီးကြီး ထိုးစစ်ဆင်ခြင်း တို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှု တို့ကို ကရင်နီလူထုတစ်ရပ်လုံး ခံစားနေရသည်။
၄။ တရားရေးဝန်ကြီးဌာနအနေဖြင့်လည်း ကရင်နီတိုင်းရင်းသားများအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် တရားမျှတမှုနှင့် တန်းတူညီမျှမှုဆိုင်ရာ အခြေခံမူများရရှိစေရန်နှင့် ငြိမ်းချမ်း၍လွတ်လပ်သော လူ့ဘောင်သစ်တစ်ရပ်ကို တည်ဆောက်ရန် မြန်မာနိုင်ငံရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးနှင့် လက်တွဲ၍ စစ်အာဏာရှင်စနစ် ပျက်သုန်းသည်အထိ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားပါမည် ဖြစ်သည်။
၅။ ထို့ကြောင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသား သွေးချင်းညီအစ်ကိုမောင်နှမများအားလုံး တွဲလက်ခိုင်မြဲ စည်းလုံးစွာဖြင့် ကြမ်းကြုတ်ရက်စက်လှသော စစ်အာဏာရှင်စနစ်ဆိုးကို အတူတကွ တွန်းလှန်တိုက်ထုတ်ပြီး စစ်မှန်သော ဖယ်ဒရယ် ဒီမိုကရေစီနိူင်ငံတော်သစ်ကို တည်ဆောက်နိုင် မည်ဟု ဧကန်မုချယုံကြည်လျက် ယနေ့ကျရောက်သော (၂၇၆၂)နှစ်မြောက် ကရင်နီအမျိုးသား နှစ်သစ်ကူးနေ့အား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။..."
ရင်းမြစ်:
Ministry of Justice - NUG
Date of Publication:
2023-04-19
Date of entry:
2023-04-19
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
171.09 KB
Resource Type:
text
Text quality:
- Good
