ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ်ပူးပေါင်းတပ်က ကျောက်ထု အမြှောက်တပ်နှင့်လေတပ်ကို တိုက်ခိုက်ခဲ့

ဖော်ပြချက်/အကြောင်းအရာ: 

"၂၀၂၃ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့၊ ညနေ(၄)နာရီခန့်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ ကျောက်ထု အမြှောက်တပ် (၃၆၈)မှ ထွက်လာသော ရန်သူ့အင်အား (၁၃၀) ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၁၃) နှင့် CDF မင်းတပ် တို့ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ပြီး ရန်သူ့ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် CDF မင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။ည(၈:၀၆)နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် တပ်ရင်း အမှတ်(၈)က ကျောက်ထု အမြှောက်တပ်(၃၆၈)နှင့်ကျောက်ထုလေတပ်ကို Rocket များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ဧပြီလ(၂၄)ရက်နေ့၊နေ့လည်(၁၂:၁၅)နာရီခန့်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပင်တောင်ကျေးရွာ (ပျူစောထီးရွာ)မှ နယ်မြေခံ ပျူစောထီးများက လုံခြုံရေး ကင်းယူလျက် ယောချောင်းအတွင်း ငါးဖမ်းနေစဥ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၁၈) - တပ်ခွဲ (၃) - နဂါးမျိုးအဖွဲ့၊ ပေါက် မြို့နယ် အခြေပြု ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့များ နှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့ - မြိုင် ပကဖ တပ်ရင်း (၁) - တပ်ခွဲ(၅) - တပ်စိတ် (၂၊ ၄) တို့က ပြောက်ကျားစနစ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရန်သူ့တပ်ဖွဲ့ဝင် (၄) ဦး နေရာ၌ပင် သေဆုံးခဲ့ပြီး (၁) ဦး ပြင်းထန်ဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ ဧပြီလ(၂၄)ရက်နေ့၊နေ့လည်(၁:၃၅)နာရီခန့်တွင် သေဆုံးသွားသော ရန်သူ့တပ်ဖွဲ့ဝင် ရုပ်အလောင်းများကို ရန်သူ့တပ်နှင့်ပင်တောင်ကျေးရွာ၊ သစ်ချိုကုန်းကျေးရွာ နှင့် ဝန်ခြုံးကျေးရွာများ မှ နယ်မြေခံ ပျူစောထီးများက လာရောက်သယ်ဆောင်ခဲ့ကြပြီး သပြေအေးကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ပြည်သူပိုင်နေအိမ်များ မီးလောင်ပြာကျခဲ့သည်။ ရန်သူ့တပ်နှင့် ပျုစောထီးများက ဒေသခံ ပြည်သူများ၏ စားနပ်ရိက္ခာများကို အကြမ်းဖက်ခိုးယူသယ်ဆောင် သွားခဲ့သည်။ ..."

ရင်းမြစ်: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-04-28

Date of entry: 

2023-04-28

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

309.12 KB

Resource Type: 

text

Text quality: 

    • Good