ဖော်ပြချက်/အကြောင်းအရာ:
"၁။ ယနေ့ကျရောက်သည့် အစ္စလာမ်ဘာသာဝင်များ၏ တစ်လတာ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီးနောက် ပြုလုပ်ကျင်းပသည့် အီဒုလ်ဖိသိရ်ဝါကျွတ် အီးဒ်ပွဲတော်နေ့တွင် နိုင်ငံ တစ်ဝှမ်းရှိ အစ္စလာမ်ဘာသာဝင်အပေါင်း စိတ်နှလုံးအေးချမ်းသာယာ၍ ဘေးကင်းပါစေကြောင်း ဆုတောင်းစကား ပါးအပ်ပါသည်။
၂။ ခန္တီတရားဖြင့် အပြစ်ဒုစရိုက်များအား ရှောင်ရှားကာ ကျင့်သုံးဆောက်တည်ရခြင်း ဖြစ်သည့် ရမဒ္ဒါန်ဥပုသ်ဆောက်တည်ခြင်း၏ အနှစ်သာရများသည် ကိုယ်ချင်းစာတရားများ ထွန်းကား စေလိုခြင်း၊ ဖေးမကူညီခြင်းများနှင့် ငြိမ်းအေးသော လမ်းသို့ လျှောက်လှမ်းခြင်း ဖြစ်သည့်အတွက် လူ့ဘောင်အဖွဲ့အစည်းအတွင်း အပြန်အလှန် စုစည်းညီညွတ်မှုကို ဖော်ညွှန်းရာ ရောက်ပါသည်။
၃။ ခေတ်အဆက်ဆက်တွင် ဘာသာရေးကို အကြောင်းပြ၍ ဘာသာဝင် တစ်စုနှင့်တစ်စု အကြား အဓိကရုဏ်းများ၊ ပဋိပက္ခများ ဝမ်းနည်းစွာ ကြုံခဲ့ရခြင်းများသည် စစ်အာဏာရှင်အစိုးရ အဆက်ဆက်မှ ဘာသာရေးအား နိုင်ငံရေးလက်နက်တစ်ခုသဖွယ် အသုံးချခဲ့ကြောင်း မိမိတို့ အနေဖြင့် ကောင်းစွာ သင်ခန်းစာယူ ဆင်ခြင်သတိပြုမိခဲ့ပြီး ဖြစ်ပါသည်။
၄။ ထို့ကြောင့် နွေဦးတော်လှန်ရေး၏ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် ရေးဆိုင်ရာ ပြည်ထောင်စု၏ စံတန်ဖိုးနှင့်မျှော်ရည်ချက်များတွင် လူနည်းစုအခွင့်အရေး (Minority Rights)၊ စုံလင်ကွဲပြားမှုကို အပြန်အလှန် အသိအမှတ်ပြုခြင်း (Pluralism, Mutual Respect and Mutual Recognition)၊ သဟဇာတဖြစ်ခြင်းနှင့် မတူကွဲပြားမှုကို လက်ခံသော ညီညွတ်ခြင်း (Unity in Diversity)၊ လူမျိုး၊ ကိုးကွယ်ရာ ဘာသာအားဖြင့် ခွဲခြားဆက်ဆံမှုမရှိခြင်း (Non-Discrimination) အစရှိသည့် စံတန်ဖိုးများကို ချမှတ်သဘောတူထားကြပြီး ဖြစ်ပါသည်။
၅။ ဘာသာရေးဆိုင်ရာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ကျင့်သုံးဆောက်တည်ပိုင်ခွင့် သည် မည်သည့်လူပုဂ္ဂိုလ်၊ အစုအဖွဲ့၏ လက်ဝေခံ ခွင့်ပြုပေးမှရမည့် အခွင့်အရေးမဟုတ်ဘဲ လူသားတိုင်း၏ မွေးရာပါ အခွင့်အရေးတစ်ခုဖြစ်ကြောင်း လေးနက်စွာ ဖော်ပြလိုပါသည်။
၆။ အစ္စလာမ်ဘာသာဝင်များနှင့်တကွ နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများအားလုံး ကြုံတွေ့နေရ သည့် ခေတ်စနစ်ဆိုးများအား အပြီးတိုင် တိုက်ထုတ်ကာ ငြိမ်းချမ်းသော လူ့အသိုက်အဝန်းကို တည်ဆောက်ရင်းဖြင့် မဝေးသောအနာဂတ်တွင် မိမိတို့ရည်မှန်းထားသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ အရောက်လှမ်းနိုင်မည်ကို ယုံကြည်လျက် ဤသဝဏ်လွှာအား လေးစားစွာ ပေးပို့အပ်ပါသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ..."
ရင်းမြစ်:
Committee Representing Pyidaungsu Hluttaw
Date of Publication:
2023-04-22
Date of entry:
2023-04-22
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
294.06 KB
Resource Type:
text
Text quality:
- Good
