ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်၊ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ မလယ်တိုက်နယ်၊ ပဇီကြီးကျေးရွာ၌ ရပ်ရွာလူထု စုဝေးတွေ့ဆုံနေစဉ် အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ကျူးလွန်ခဲ့ပါသည်။
၂။ အကြမ်းဖက်စစ်တပ်၏ ဂျက်တိုက်လေယာဉ်မှ ဖျက်အားပြင်းဗုံးများ ကြဲချခဲ့ပြီး MI-35 တိုက်ခိုက် ရေးရဟတ်ယာဉ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သား ပြည်သူအများ အပြား သေကြေ ၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါသည်။
၃။ အဆိုပါတိုက်ခိုက်မှုကြောင့် လက်ရှိအတည်ပြုနိုင်သည်မှာ ကလေးသူငယ် အနည်းဆုံး (၁၈) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း(၁၀၀)ကျော်ခန့် သေဆုံး ခဲ့ရပြီး အရေအတွက် အတိအကျအား မြေပြင်အချက်အလက်များ အတည်ပြုချက်ရယူ၍ ဆက်လက် ထုတ်ပြန် အသိပေးသွားပါမည်။
၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါဖြစ်စဉ်အား ကြားသိရသည့်အချိန်မှ စတင်၍ တိကျသေချာသော သတင်းအချက်အလက်များ ရယူစုဆောင်းခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ ဒေသခံလူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းလျက် အလောင်းကောက်ခြင်း၊ သင်္ဂြိုဟ် ခြင်း၊ ဒဏ်ရာရရှိသူများအား ကျန်းမာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဆေးအဖွဲ့များက ခွဲစိတ်ကုသခြင်း၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ သံတမန်များထံသို့ အကြောင်းကြားခြင်း စသည့် လုပ်ငန်းစဉ်များကို အချိန်နှင့်တပြေးညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
၅။ အကြမ်းဖက်စစ်တပ်သည် ယနေ့ညနေ (၅) နာရီခွဲခန့်အချိန်တွင် မြေပြင်ရှိ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများကို ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါသည်။
၆။ ထိုကဲ့သို့ အကြမ်းဖက်စစ်တပ်က အပြစ်မဲ့အရပ်သားများကို လူမဆန် ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများအပါအဝင် လူသားမျိုးနွယ်စုအပေါ် ကျူးလွန် သည့် နိုင်ငံတကာရာဇဝတ်မှုများအား လုံးဝလက်ခံခွင့်လွှတ်မည်မဟုတ်ဘဲ ထိရောက်ပြင်းထန်စွာ အရေး ယူဆောင်ရွက်သွားမည်။
အမျိုးသားညီညွတ်ရေးအစိုးရ..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2023-04-11
Date of entry:
2023-04-11
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
489.39 KB
Resource Type:
text
Text quality:
- Good
