ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမိန့်ကြေညာစာမှတ် (၈/၂၀၂၃) - နယ်မြေဖြတ်သန်းသွားလာခွင့်

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ အမျိုးသားညီညွတ်ရေးအစိုးရသည် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ထား သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီက တာဝန်ခံဖွဲ့စည်းထားသည့် ပြည်သူ့အစိုးရ တစ်ရပ်ဖြစ်သည်။ ၂။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့အာဏာကို လက်နက်ဖြင့် မတရားသိမ်းပိုက်ရယူခဲ့သည့်အတွက် ပြည်သူလူထုတစ်ရပ်လုံးက ရရာလက်နက်ဆွဲကိုင်၍ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ သမိုင်းဝင် ပြည်သူ့နွေဦးတော်လှန်ရေးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲနေကြပါသည်။ ၃။ ပြည်သူ့နွေဦးတော်လှန်ရေး (၂) နှစ် ပြည့်လာသည့်အချိန်တွင် ပြည်သူ့ဦးဆောင်မှု၊ တော်လှန်ရေးအင်အားစုများ၏ တိုက်ပွဲဝင်မှုတို့၏ အသီးအပွင့်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရသည် စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိလာခဲ့ပြီဖြစ်ပါသည်။ ၄။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်ယုတ်မာ မီးရှို့ သတ်ဖြတ်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များစွာ ဆုံးရှုံးနစ်နာနေ ရသည်မှာ ကမ္ဘာအသိဖြစ်သည်။ ထို့အတွက် မြန်မာပြည်သူလူထုသည် လူသားချင်းစာနာ ကူညီမှုများ များစွာ လိုအပ်လျက်ရှိပါသည်။ ၅။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကြောင့် ဒုက္ခရောက်နေကြရသည့် ပြည်သူလူထု၏ နစ်နာဆုံးရှုံးမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အတတ်နိုင်ဆုံး လူသားစာနာမှုအကူအညီများ ဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲ၍ ဝိုင်းဝန်ကူညီပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။ ၆။ အမှန်စင်စစ် အကူအညီလိုအပ်နေသော ပြည်သူလူထုထံသို့ လူသားချင်းစာနာကူညီ ပေးမှုများ ထိထိရောက်ရောက် ပံ့ပိုးနိုင်ရန်၊ ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်နိုင်ရန်နှင့် တော်လှန်ရေးကာလဖြစ်သည့်အတွက် လုံခြုံရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် အလို့ငှာ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့စည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ထိန်းချုပ်နယ် မြေများအတွင်း စစ်တမ်းကောက်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်းနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ကြိုတင်အသိပေးအကြောင်းကြား‌ပြီးမှသာ ဆောင်ရွက်သွားရန် လေးနက်စွာ အသိပေး အပ်ပါသည်။..."

ရင်းမြစ်: 

Ministry of Home Affairs and Immigration - Myanmar

Date of Publication: 

2023-03-17

Date of entry: 

2023-03-17

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

197.8 KB

Resource Type: 

text

Text quality: 

    • Good