ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်တွင် ကျရောက်သည့် (၃၅)နှစ်မြောက်၊ ချင်းတော်လှန်ရေးနေ့တွင် ခေတ်အဆက်ဆက် တော်လှန်ရေးအတွင်း အသက်ပေးလှူသွားကြသော ရဲမေရဲဘော်များနှင့် ချင်းလူ မျိုးအားလုံးကို လေးစားစွာ ဦးညွတ်ဂါရဝပြုပါသည်။
၂။ ယနေ့အချိန်အခါသည် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှ အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည့် (၃၅) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အချိန်အခါဖြစ်ပါသည်။
၃။ … ယခုအခါ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ဆင်နွှဲနေကြသော နွေဦးတော်လှန်ရေးတွင်လည်း အကြမ်းဖက်စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်ရာ၌ CNF/CNA ရဲမေရဲဘော်များ၊ ချင်းဒေသကာ ကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ချင်းလူမျိုးများ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် ပေးဆပ်မှုတို့ကို အထူးလေး စားဂုဏ်ယူပါကြောင်း ဖော်ပြလိုပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ သာလွန်အင်အား အသုံးပြု၍ လူမဆန်သည့် အကြမ်းဖက်တိုက်ခိုက်မှုအပေါင်းကို ရွပ်ရွပ်ချွံချွံပြန်လည် ခုခံတိုက်ခိုက်သည့် ချင်း တော်လှန်ရေးအင်အားစုများ၏ ခိုင်မာသော စိတ်ဓာတ်နှင့် ဇွဲ၊လုံ့လ၊ဝီရီယတို့သည် မြန်မာနိုင်ငံအနှံ့ အပြားမှ တော်လှန်ရေးအင်အားစုများ အားလုံးအတွက် အတုယူလေးစားဖွယ်ဖြစ်ပါသည်။ တစ်ဖက် မှာလည်း အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာကြရသူများနှင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးကြရသည့် ချင်းလူမျိုးများအားလုံးနှင့် ထပ်တူ ဝမ်းနည်းခံစားရပါ ကြောင်း အလေးအနက်ဖော်ပြလိုပါသည်။
၄။ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ရေး၊ ချင်းအမျိုးသား၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်း တော်လှန်ရေးအင်အားစုများနှင့် ချင်းတစ်မျိုးသားလုံးမှ ဆထက်တိုး ပိုမိုစွမ်းဆောင်နိုင်ပြီး အောင် မြင်မှုများကို မြန်ဆန်စွာ ရရှိနိုင်ပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2023-03-20
Date of entry:
2023-03-20
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
287.24 KB
Resource Type:
text
Text quality:
- Good
