ဖော်ပြချက်/အကြောင်းအရာ:
"၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့နှင့် (၆) ရက်နေ့တွင်စတင်ပြီး ပုသိမ်ထောင် အတွင်းတွင် အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ထောင်ဝန်ထမ်းများ၏ အကြမ်းဖက်မှု ကြောင့် မတရား ဖမ်းဆီး အကျဉ်းချခံနေရသည့် ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ (၇၀) ဦးခန့် ဒဏ်ရာရရှိခဲ့ကာ၊ တစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဌာနက ကောက်ယူထားသည့် အချက်အလက်များအရ သိရှိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ယခုဖြစ်စဉ် အပါအဝင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ နှင့် မတရား သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မှတ်တမ်းတင်ထိန်းသိမ်းလျက် သက်ဆိုင်ရာ ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ..."
ရင်းမြစ်:
Ministry of Human Rights
Date of Publication:
2023-01-08
Date of entry:
2023-01-08
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
304.02 KB
Resource Type:
text
Text quality:
- Good
