(၇၅) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သော သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့သည် ကရင်အမျိုးသားများ၏ စည်းလုံးညီညွတ်မှုကို တခဲနက် ထုတ်ဖော်ပြသခဲ့သော သမိုင်းဝင် နေ့ရက်တစ်ရက်ဖြစ်သည်။ ၂။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ပြည်ထောင်စုတဝှမ်း နေထိုင်ကြသော ကရင်ပြည် သူများသည် လွတ်လပ်သော ကရင်ပြည်ရရှိရေး၊ တန်းတူရေးနှင့် တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးစုများ အချင်းချင်း ချစ်ကြည်ရေး အစရှိသော ရည်ရွယ်ချက်များဖြင့် လူထုဆန္ဒထုတ်ဖော်ပွဲများကို နိုင်ငံအဝှမ်း ဆင်နွှဲ ခဲ့ကြသည်။ ထိုနေ့သည် ကရင်အမျိုးသားများ၏ နိုင်ငံရေးအသိ နိုးကြားမှု၊ စည်းလုံးညီညွတ်မှုနှင့် ရဲရဲတောက် သတ္တိကို ပြသခဲ့သော နေ့ဖြစ်ပြီး ကရင်ကို ကမ္ဘာကပါ ပိုသိစေခဲ့သည်။ ၄။ အဆိုပါနေ့ကို အစွဲပြု၍ ၁၉၅၃ ခုနှစ် နိုဝင်ဘာလ ၂၃-၂၅ ရက်နေ့များတွင် ဖာပွန်မြို့၌ ကျင်းပသည့် ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်မှ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် အတည်ပြုသတ်မှတ်ခဲ့ပြီး ယနေ့တိုင် ဂုဏ်ယူစွာဖြင့် ကျင်းပခဲ့ကြသည်။ ၅။ ကရင်ပြည်နယ်နှင့် ကရင်ပြည်သူလူထုသည် နှစ်ပေါင်းများစွာ နိုင်ငံရေးလှိုင်းတံပိုးကြမ်းများကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ပြီး အာဏာရှင်အဆက်ဆက်အား ဂုဏ်ရောင်ပြောင်စွာ တွန်းလှန်ခဲ့ကြသည်။ ၆။ ယနေ့ တတိုင်းပြည်လုံး ခုံခံတွန်းလှန်ဆင်နွှဲလျက်ရှိသည့် ပြည်သူ့တော်လှန်ရေးကြီးတွင် ဘုံရန်သူတူညီပြီး ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်ရာတွင် အချင်းချင်းညီညွတ်မျှတစွာ၊ ခွင့်လွှတ်ခြင်းကြီးစွာဖြင့် လက်တွဲညီညီ လျှောက်လှမ်းပြီး “တသံတည်းညီ၊တချီတည်းရုန်း” ကြပါစို့ဟု တိုက်တွန်းပြောကြားရင်း ယနေ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ဤသဝဏ်လွှာအား ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ..."

ရင်းမြစ်: 

Ministry of Defence - National Unity Government of Myanmar

Date of Publication: 

2023-02-11

Date of entry: 

2023-02-11

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

170.08 KB

Resource Type: 

text

Text quality: 

    • Good