ဖော်ပြချက်/အကြောင်းအရာ:
"၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ တူရကီနိုင်ငံ Gaziantep ပြည်နယ်ရှိ Nurdagi အရှေ့ဘက် ၂၃ ကီလိုမီတာအကွာ၊ အနက် ၂၄.၁ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်သွားသော ပြင်းအား ၇.၈ အဆင့်ရှိသည့် ငလျင်သည် တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းဒေသများသို့ သက်ရောက်မှုရှိခဲ့ပြီး အဆိုပါ ငလျင်ဒဏ်ကြောင့် ပြည်သူ ၈,၀၀၀ နီးပါး သေဆုံးခဲ့ရကာ၊ ၄၀,၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ထောင်ပေါင်းများစွာလည်း ပြိုကျပျက်စီး ဆုံးရှုံးခဲ့သည်ဟု သိရှိရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူများအားလုံး၏ ကျန်ရစ်သူမိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ဒဏ်ရာရရှိသူများလည်း အမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာစေရေး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးနှင့် အတူ ဆုတောင်းမေတ္တာပို့သပေးလျက်ရှိပါကြောင်း သိစေလိုပါသည်။
နောက်ဆက်တွဲငလျင်များဖြစ်ပေါ်လာနိုင်ချေကြောင့် အသက်အန္တရာယ်ရှိနေသည့်ကြားကပင် မိမိတို့၏ အသက်ကိုမငဲ့ကွက်ပဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ပေးနေကြသော လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ အချင်းချင်း အပြန်အလှန် ကူညီဖေးမခြင်း အားဖြင့် သဘာဝဘေးရန်ကို ညီညွတ်စွာ အံတုရင်ဆိုင်နေကြသော ပြည်သူများ၊ အခက်အခဲများစွာကြားကပင် စနစ်ကျသော ဦးဆောင်မှုဖြင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မှုပေးနေသော တူရကီနှင့် ဆီးရီးယားနိုင်ငံမှ တာဝန်ရှိသူများ နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အချိန်မဆိုင်းပဲ ပေးပို့ကူညီကြသော နိုင်ငံတကာအဖွဲ့အစည်းများအားလုံးကို လေးစားဂုဏ်ယူစွာဖြင့် ကျေးဇူးတင် ရှိအပ်ပါသည်။
တူရကီနိုင်ငံနှင့် ဆီးရီးယားနိုင်ငံရှိ ပြည်သူများအားလုံး လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော သဘာဝ ဘေးအန္တရာယ်၏ ဖိစီးမှုများကို အမြန်ဆုံးအောင်မြင်ကျော်လွှားနိုင်ကြပါစေကြောင်းနှင့် နောက်နောင်တွင်လဲ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်၊ လူကြောင့်ဖြစ်သော ဘေးအန္တရာယ်များမှ ကင်းဝေးကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2023-02-08
Date of entry:
2023-02-08
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
383.08 KB
Resource Type:
text
Text quality:
- Good
