ဖော်ပြချက်/အကြောင်းအရာ:
"စီဒီအမ်ဆရာ ဆရာ ဦးကောင်းခန့်ကျော်အား သေဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်
စာအမှတ်။ ကြေညာချက်အမှတ် (၁/၂၀၂၃)
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်
၁။ အကြမ်းဖက်စစ်အုပ်စုသည် ဧရာ၀တီတိုင်း မြန်အောင်မြို့တွင် နေထိုင်သူ အသက် (၂၇) နှစ် အရွယ် CDM ဆရာ ဦးကောင်းခန့်ကျော်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် မတရား ဖမ်းဆီးခဲ့ပြီးနောက် ဟင်္သာတထောင်၌ အကျဥ်းချ ထားခဲ့သည်။
၂။ တရားမဝင်အာဏာသိမ်းစစ်အုပ်စုသည် တရားစီရင်ရေးယန္တရားကို လည်ပတ်ရန် အခွင့်အာဏာ မရှိဘဲ စစ်အုပ်စု၏ ထိန်းချုပ်ခံ ဘက်လိုက်သောတရားရုံးဖြစ်သည့် ဟင်္သာတခရိုင် တရားရုံးတွင် စစ်ဆေးပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လ တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) ဖြင့် ထောင်ဒဏ် ၅ နှစ် ချခဲ့သည်။၊ တဖန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ တွင် မြန်အောင်ခရိုင် တရားရုံးက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂(က) ဖြင့် သေဒဏ်ချမှတ်ခဲ့ပြီး ဆရာဦးကောင်းခန့်ကျော်အား ပုသိမ်အကျဥ်းထောင်သို့ ချက်ချင်းရွှေ့ခဲ့သည်ဟု သိရှိရသည်။
၃။ အကြမ်းဖက်စစ်အုပ်စုသည် ပုသိမ်အကျဥ်းထောင်တွင်း နိုင်ငံရေးအကျဥ်းသားများကို ညှင်းပန်းနှိပ်စက်မှုများအား အဓမ္မ ပြုလုပ်နေသည်ဟု မီဒီယာများတွင် ဖော်ပြနေသည်။ အကြမ်းဖက်စစ်အုပ်စု၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ၊ စစ်ရာဇဝတ် မှုများ၊ လူမျိုးသုဉ်သတ်ဖြတ်မှုများအတွက် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် တာ၀န်ယူ၊ တာ၀န်ခံရမည် ဖြစ်သည်။
၄။ တိုင်းပြည်အတွက် အားထားရသော လူငယ်ဆရာတစ်ယောက်အား အကြမ်းဖက်စစ်အုပ်စု၏ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မျက်ကွယ်တရားရုံးများမှ စီရင်ချက်များ ချမှတ်ခြင်းတို့သည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေက ပြဌာန်းထားသော အသက်ရှင်သန်ခွင့် နှင့် နိုင်ငံရေးအခွင့် အရေးများ ကို ချိုးဖောက်ခြင်း ဖြစ်သည်။
၅။ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် (၂၆၆၉/၂၀၂၂) ထုတ်ကာ ဖိအားပေးတောင်းဆိုနေချိန်တွင် ယခုကဲ့သို သေဒဏ်စီရင်ချက် ချမှတ်ခြင်းသည် အကြမ်းဖက်စစ်အုပ်စုက ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး နှင့် လုံခြုံရေး ယန္တရားအား ချိုးဖောက်ခြင်း ဖြစ်သည်။
၆။ ပညာရေး၀န်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအနှံ့ နှိပ်စက်သတ်ဖြတ်ခံနေရသော အလုပ်သမား၊ လယ်သမား၊ ပြည်သူ လူထုနှင့် အတူရပ်တည်၍ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို ကောက်ယူသိမ်းဆည်းလျက် တရားမျှတမှုရရှိနိုင်ရေးကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်ပြီး အရေးတော်ပုံ အောင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သန္ဓိဌာန်ပြုပါသည်။..."
ရင်းမြစ်:
Ministry of Education - National Unity Government of Myanmar
Date of Publication:
2023-01-11
Date of entry:
2023-01-12
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
235.44 KB
Resource Type:
text
Text quality:
- Good
