(၆၂) နှစ်မြောက်ကချင်တော်လှန်ရေးနေ့သို့ ပေးပို့သည့်သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှ စတင်၍ ဖွဲ့စည်းခဲ့သည့် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) သည် ယနေ့တွင် (၆၂) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး ဂုဏ်ရောင်ထွန်းလင်းသော ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ မိမိတို့မှ သဝဏ်လွှာ ပေးပို့ခွင့်ရသည်ကို လွန်စွာ ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း ဦးစွာဖော်ပြလိုပါသည်။ ၂။ ကချင်တိုင်းရင်းသားများသည် စစ်အာဏာရှင်အဆက်ဆက်အား နှစ်ပေါင်းများစွာ ကြာ တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့်အပြင် စစ်ဘေးစစ်ဒဏ်ကို ကြံ့ကြံ့ခံခဲ့ကြပါသည်။ ယခု နွေဦးတော်လှန်ရေးတွင်လည်း မတရားမှုကိုလက်မခံဘဲ အာဏာရှင်စနစ်ချုပ်ငြိမ်းကာ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှုအတွက် အခြားညီနောင်တိုင်းရင်းသားများနှင့်အတူ ဦးဆောင်ကဏ္ဍမှ တိုက်ပွဲဝင်နေသည်မှာ ဂုဏ်ယူလေးစားဖွယ်ကောင်းလှပါသည်။ တော်လှန်ရေးအဆက်ဆက်တွင် ဦးဆောင်ပါဝင်ခဲ့ကြပါသော ကချင်အမျိုးသားခေါင်းဆောင် များနှင့် ကချင်အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဂုဏ်ယူဦးညွှတ်ပါကြောင်း ဤ သဝဏ်လွှာမှတစ်ဆင့် အလေးအနက် မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။ ၃။ တော်လှန်ရေးတွင်ပါဝင်နေကြသည့် မိမိတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ က စစ်အာဏာရှင်အားအရှုံးမပေးဘဲ သွေးစည်းညီညွတ်စွာ အတူဆန့်ကျင်တော်လှန်နေ ကြသည့်အတွက် ဤနွေဦးတော်လှန်ရေးကြီး မုချအောင်မြင်မည်ဆိုသည်ကို လုံးဝယုံကြည် ပါသည်။ ယခုထက်ပိုမိုသော ညီညွတ်မှုတို့ကို ဖော်ဆောင်ရန် သဘောထားကြီးစွာ အပြန် အလှန်လေးစားယုံကြည်မှုတို့ကို တည်ဆောက်လျက် မိမိတို့၏ ရည်မှန်းချက် ပန်းတိုင်ဆီ အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး မိမိတို့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက ဆက်လက်ကြိုးပမ်းသွားရမည် ဖြစ်ပါသည်။ ၄။ မိမိတို့နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးများအားလုံးအနေဖြင့် အနာဂတ်တွင် စစ်ပွဲများ ကင်းစင်သော၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ထွန်းကားသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို မျှော်ရည်လျက် ကချင် တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ တော်လှန်ရေး အင်အားစုများနှင့်အတူ ခိုင်မာစွာရပ်တည်လျက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဤ (၆၂) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ သဝဏ်လွှာအား လေးစားစွာ ပေးပို့အပ်ပါသည်။..."

ရင်းမြစ်: 

Committee Representing Pyidaungsu Hluttaw

Date of Publication: 

2023-02-05

Date of entry: 

2023-02-05

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

240.52 KB

Resource Type: 

text

Text quality: 

    • Good