ဖော်ပြချက်/အကြောင်းအရာ:
"၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရား သဖြင့် အဓမ္မသိမ်းယူခဲ့စဉ်မှ စတင်ပြီး ယနေ့ထက်တိုင် အမှန်တရားနှင့်ဓမ္မဘက်မှရပ်တည်၍ ရဲရဲဝံ့ဝံ့ ရွပ်ရွပ်ချွံချွံ ခိုင်မာသော နိုင်ငံချစ်၊ ပြည်သူချစ် စိတ်ဓာတ်ဖြင့် တော်လှန်ရေး၏ ထောက်တိုင်တစ်ခု ဖြစ်သည့် အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုများဖြင့် တော်လှန်ရေးတွင် ပါဝင်လျက် ရှိသော ပြည်သူ့သူရဲကောင်း၊ နိုင်ငံ့သူရဲကောင်း CDM ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းများကို အောက်ပါအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။
၁။ ပြည်သူ့သူရဲကောင်း CDM များ အားလုံးကို တော်လှန်ရေးအလွန်ကာလတွင် နိုင်ငံတော်အဆင့် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်မည်ဖြစ်သည်။
၂။ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ၏ အကြမ်းဖက်စစ်အုပ်စုမှ အာဏာသိမ်းခြင်းနေ့ရက် မတိုင်ခင် အချိန်ထိ ထမ်းဆောင်ခဲ့သော ရာထူးတာဝန်များမှနေ၍ ရာထူးတစ်ဆင့် တိုးမြှင့်ခန့်အပ်သွားမည် ဖြစ်သည်။ အဆိုပါ ရာထူးတိုးမြှင့်ခြင်းအမိန့်သည် ယခု ကြေညာချက် ထုတ်ပြန်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်မှစတင်၍ အကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။
၃။ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများဖြစ်သည့် နေ့စားဝန်ထမ်းများ (အချိန်ပိုင်းနည်းပြ၊ သရုပ်ပြများ အပါအဝင်) ကို ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၃ ခုနှစ် မှစတင်ကာ အမြဲတမ်းဝန်ထမ်းများ အဖြစ် အတည်ပြုခန့်ထားလိုက်သည်။
၄။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးစားသည့် အချိန်မှ စတင်၍ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းများ ထုတ်ယူခြင်း မရှိခဲ့သော လုပ်ခလစာငွေများနှင့် ချီးမြှင့်ငွေများ အားလုံးကို တော်လှန်ရေး အလွန်ကာလတွင် တစ်လုံးတစ်ခဲတည်း ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2023-02-01
Date of entry:
2023-02-01
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
356.01 KB
Resource Type:
text
Text quality:
- Good
