ဖော်ပြချက်/အကြောင်းအရာ:
"၁။ ၁၉၄၉ ခုနှစ်မှ စတင်၍ စစ်အာဏာရှင် အဆက်ဆက်ကို ခုခံတွန်းလှန်ခဲ့သော ကရင့် တော်လှန်ရေးသည် ယနေ့တွင် (၇၄) နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
၂။ ကရင်အမျိုးသားပြည်သူလုထုတရပ်လုံး လေးစားဂုဏ်ယူတန်ဖိုးထားရသည့် နေ့ထူးနေ့မြတ် ဖြစ်သည်နှင့် အညီ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေဖြင့် (၇၄) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကို ကရင်အမျိုးသားများနှင့် ထပ်တူ ဂုဏ်ပြုဦိးညွှတ် ကြိုဆိုအပ်ပါသည်။
၃။ (၇၄) နှစ်တာ ကရင့်တော်လှန်ရေးခရီးအတွင်း ကရင်ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရင်း အသက်၊ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ကရင့်အာဇာနည် ခေါင်းဆောင်ကြီးများ၊ ကရင့်သူရဲကောင်းများနှင့် ကရင်ပြည်သူများကိုလည်း လေးနက်စွာ အောက်မေ့ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။
၄။ ယနေ့အချိန်အခါသည် ကရင်အမျိုးသားများနှင့်အတူ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရသည့် စစ်အာဏာရှင်စနစ်ဆိုးနှင့် အကြမ်းဖက်စစ်တပ်၏ ဆိုးသွမ်းယုတ်မာသော လုပ်ရပ်များကို ကျော်လွှားနိုင်ရန် တစ်တိုင်းပြည်လုံး အာဏာသိမ်းစစ်ကောင်စီအား ဟန်ချက်ညီစွာဖြင့် ရွပ်ရွပ်ချွံချွံ ခုခံတွန်းလှန်နေသော ကာလလည်းဖြစ်သည်။
၅။ တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သော စစ်အာဏာရှင် စနစ်ဆိုးကို အပြီးတိုင် ဖြုတ်ချပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် တရားမျှတမှုတို့ကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ရန် အတူတကွ လက်တွဲညီစွာဖြင့် ကြိုးပမ်းအားထုတ်နိုင်လိမ့်မည်ဟု အလေးအနက် ယုံကြည်လျက် (၇၄) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ သဝဏ်လွှာကို ဂုဏ်ယူစွာဖြင့် ပေးပို့အပ်ပါသည်။..."
ရင်းမြစ်:
Ministry of Defence - National Unity Government of Myanmar
Date of Publication:
2023-01-31
Date of entry:
2023-01-31
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
175.49 KB
Resource Type:
text
Text quality:
- Good
