ဖော်ပြချက်/အကြောင်းအရာ:
"JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အခြေပြု၍ အောက်ပါ မူဝါဒလေးရပ်ကို ချမှတ်သည်။
၁။ နိုင်ငံ့ဝန်ထမ်း CDM များသည် တိုင်းပြည်ပြောင်းလဲရေးအတွက် တော်လှန်ရေး၏ အရေးပါသည့် အင်အားစုတစ်ရပ် ဖြစ်သည်ကို NUCC အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
၂။ CDM နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ပြန်လည် ရှာဖွေဖော်ထုတ်ခြင်းတွင် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ အမှန်တရားနှင့် တရားမျှတမှု ရှာဖွေခြင်း၊ နစ်နာမှုများကို ပြန်လည်ကုစား ပေးခြင်းတို့ ပါဝင်သည်။
၃။ JCC-CDM တွင် အတည်ပြုပြီး ပေးပို့တင်ပြထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အခြေပြု၍ လိုအပ်သော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ဆက်လက်ရေးဆွဲသွားရန် ဖြစ်သည်။
၄။ နိုင်ငံ့ဝန်ထမ်း CDM များအပါအဝင် ပြည်သူလူထုတရပ်လုံးအပေါ် အာဏာရှင် ထောက်တိုင်များ ဖြစ်ကြသည့် Non-CDM များက လူ့အခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုများ၊ ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း သက်သေအထောက်အထားများ တွေ့ရှိပါက သက်ဆိုင်ရာ ဒေသအသီးသီးမှ တရားဝင်အတည်ပြုထားသော သက်ဆိုင်ရာဒေသ ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်။..."
ရင်းမြစ်:
National Unity Consultative Council
Date of Publication:
2023-01-20
Date of entry:
2023-01-20
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
191.96 KB
Resource Type:
text
Text quality:
- Good
