ဖော်ပြချက်/အကြောင်းအရာ:
"အကြမ်းဖက် စစ်ကောင်စီမှ ၎င်းတို့ ပြင်ဆင်စိုင်းပြင်းနေသော “အတုအယောင် ရွေးကောက်ပွဲ”အတွက် “နိုင်ငံအတွင်းရှိ လူဦးစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်”ဟု ခေါင်းစဥ်တပ်၍ အကြိုမဲစာရင်းများကောက်ယူရန် ခြေလှမ်းပြင်လာခဲ့ပြီး သတ်မှတ်ကာလမှာ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ ဖြစ်ပါသည်။
အဆိုပါ ကိစ္စရပ်နှင့် စပ်လျဥ်း၍ တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်၊ ခြိမ်းခြောက်မှုများရှိပါက မှတ်တမ်းတင်ထား၍ သတင်းပေးပို့တိုင်ကြားရန်၊ မိမိတိုပတ်ဝန်းကျင်တွင် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများကို Telegram Scout channel များသို့ဖြစ်စေ၊ သတင်းမီဒီယာများနှင့် သပိတ်အင်အားစုများ၏ လူမှုကွန်ရက် (Facebook) စာမျက်နှာများသို ဖြစ်စေ အချိန်နှင့် တပြေးညီ သတင်းပေးပိုကြပါရန်၊ အခြေအနေ အရပ်အရပ်ကြောင့် လူဦးရေစာရင်းပေးရပါကလည်း သတင်းအချက်အလက် အမှားများသာ ပေးကြရန် စသည်ဖြင့် ပန်ကြားနှိုးဆော်တိုက်တွန်းထားသည်။..."
ရင်းမြစ်:
National Unity Government of Myanmar
Date of Publication:
2023-01-05
Date of entry:
2023-01-05
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
153.69 KB
Resource Type:
text
Text quality:
- Good
