“ကရင်နှစ်သစ်ကူးနေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ပေးပို့သည့် သဝဏ်လွှာ”

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် ပြာသိုလဆန်း ၁ ရက်နေ့ ယနေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့တွင် ကရင်လူမျိုးအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ၂။နှစ်သစ်ကူးအချိန်အခါသည် နှစ်ဟောင်းတွင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ပြည်လည် ဆင်ခြင်သုံးသပ်ပြီး နှစ်သစ်တွင် သာ၍ကောင်းမွန်သော ကောင်းကျိုးများ ရရှိရန်အတွက် ခွန်အားသစ်များ မွေးဖွားရသည့် အချိန်ကာလဖြစ်ပါသည်။ နှစ်သစ်ကိုကြိုဆိုရင်း ကရင်လူမျိုးတို့၏ သမိုင်းအဆက်ဆက်က ဂုဏ်ဝင့်ထည်စွာဖြင့် လက်ဆင့်ကမ်းလာခဲ့သော စာပေ၊ ဂီတ၊ အနုပညာ၊ စားဖွယ်သောက်ဖွယ် စုံလင်စွာဖြင့် ပွဲလမ်းသဘင်များ ကျင်းပရမည့် အချိန်ကာလလည်း ဖြစ်ပါသည်။ ၃။သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ချယ်လှယ်မှုများကြောင့် ကရင်ပြည်သူ မြောက်များစွာသည် ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရွံ့ထိတ်လန့်စိတ်ဖြင့် သော်လည်းကောင်း၊ စစ်ဘေးရှောင်ဘဝဖြင့် သော်လည်းကောင်း ကရင်နှစ်သစ်ကူးနေ့ အချိန်အခါအား ဖြတ်သန်းနေကြရသည်ကို များစွာဝမ်းနည်းကြေကွဲ ရပါသည်။ ၄။အမျိုးသားညီညွတ်ရေးအစိုးရသည် ဤပြည်ထောင်စုအတွင်း စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဖြစ်တည်ခဲ့သော ခေတ်အဆက်ဆက် သံသယများ၊ ပဋိပက္ခများကို အပြီးတိုင်ချုပ်ငြိမ်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော စည်းလုံးငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် ကရင်လူမျိုးများနှင့် အတူတကွအတူတကွ လက်တွဲလျှောက်လှမ်းလျက်ရှိပါသည်။ ၅။၂၇၆၂ ကရင်နှစ်သစ်တွင် ကရင်လူမျိုးအားလုံး ဝမ်းမြောက်ရွှင်လန်းပြီး ကရင်လူမျိုးတို့၏ ရည်ရွယ်ချက် များကို ဆောင်ကျဉ်းပေးသည့် အောင်မြင်မှုများ ရရှိနိုင်ပါစေကြောင်း ဆုတောင်းမင်္ဂလာ ပို့သအပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-12-22

Date of entry: 

2022-12-22

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

341.32 KB

Resource Type: 

text

Text quality: 

    • Good