ဒီမိုကရေစီအရေး ကြိုးပမ်းလှုပ်ရှားခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးအား သေဒဏ်ချမှတ်ခြင်းအပေါ် ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက် - ကြေညာချက်အမှတ် - ၇/ဗကသ/၂၀၂၂

ဖော်ပြချက်/အကြောင်းအရာ: 

" ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ခဲ့သည့်အတွက် ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်ကြသည့် ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး နှင့် ကိုခန့်လင်းမောင်မောင် တို့အား အာဏာသိမ်းဖက်ဆစ်တပ်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ယနေ့ကာလသည် အာဏာသိမ်းဖက်ဆစ်ဘီလူး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုက ပြည်သူလူထုအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ကာ ဖိနှိပ်အုပ်ချုပ်နေသည့် ကာလဖြစ်သည်။ စစ်အုပ်စုသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည်။ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပိုင်ဆိုင်မှုများကိုလည်း ပေါ်ပေါ်ထင်ထင် ဖျက်ဆီးနေမှု၊ လုယက်နေမှုများမှာ မျက်ဝါးထင်ထင်ပင်ဖြစ်ပါသည်။ ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးကို သေဒဏ်ချမှတ်ခြင်းသည်လည်း စစ်အုပ်စု၏ မတရားသဖြင့် တဖက်သတ်စီရင်ချက်ဟုသာ ဗကသများအဖွဲ့ချုပ်မှ ယူဆသည်။ ကျူးလွန်ခဲ့/ကျူးလွန်ဆဲ တရားမဲ့သတ်ဖြတ်မှုများ၊ တရားမဲ့ဖမ်းဆီးထောင်ချမှု အလုံးစုံတို့ကို ဗကသများအဖွဲ့ချုပ်မှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသည်။ စစ်အုပ်စုအနေဖြင့် ၎င်းတို့ကျူးလွန်သမျှ ဖိနှိပ်မှုတိုင်းအတွက် မုချတာဝန်ခံရမည်။ ဤကာလတွင် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန်မှာ တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်သည်လည်း တောင်ပေါ်/မြေပြန့် ဒေသအားလုံးရှိ အဖိနှိပ်ခံပြည်သူလူထုနှင့် လက်တွဲကာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အား အမြစ်ပြတ်ချေမှုန်းနိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲများတွင် မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သည့် ပြည်သူလူထုအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။ သေဒဏ်ပေးခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ် မြို့လုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းများဖြင့် တော်လှန်ရေးကို တားဆီး၍ရမည်မဟုတ်။ “စစ်သုံးစစ်ကို အမြစ်ပြတ်ချေမှုန်းကြ” “ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ မုချအောင်ရမည်”..."

ရင်းမြစ်: 

All Burma Federation of Student Unions

Date of Publication: 

2022-12-01

Date of entry: 

2022-12-01

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

463.46 KB

Resource Type: 

text

Text quality: 

    • Good