အမျိုးသားညီညွတ်ရေးအစိုးရမှ ရှမ်းနှစ်သစ်ကူးပွဲတော်နေ့အတွက် ပေးပို့သည့် သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"၁။ ယနေ့တွင် ကျရောက်သည့် ၂၁၁၇ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်နေ့တွင် ရှမ်းပြည်သူအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ ၂။ နှစ်သစ်ကူးအချိန်သည် နှစ်ဟောင်းတွင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ပြည်လည် ဆင်ခြင်သုံးသပ်ပြီး နှစ်သစ်တွင် သာ၍ကောင်းမွန်သော ကောင်းကျိုးများ ရရှိရန်အတွက် ခွန်အားသစ်များ မွေးဖွားရသည့် အချိန်ကာလဖြစ်ပါသည်။ နှစ်သစ်ကိုကြိုဆိုရင်း ရှမ်းလူမျိုးတို့၏ သမိုင်းအဆက်ဆက်က ဂုဏ်ဝင့်ထည်စွာဖြင့် လက်ဆင့်ကမ်းလာခဲ့သော စာပေ၊ ဂီတ၊ အနုပညာ၊ စားဖွယ်သောက်ဖွယ် စုံလင်စွာဖြင့် ပွဲလမ်းသဘင်များ ကျင်းပရမည့် အချိန်ကာလလည်း ဖြစ်ပါသည်။ ၃။ သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ချယ်လှယ်မှုများကြောင့် ရှမ်းပြည်သူ မြောက်များစွာသည် ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရွံ့ထိတ်လန့်စိတ်ဖြင့် သော်လည်းကောင်း၊ စစ်ဘေးရှောင်ဘဝဖြင့် သော်လည်းကောင်း ရှမ်းနှစ်သစ်ကူးပွဲတော် အချိန်အခါအား ဖြတ်သန်းနေကြရသည်ကို များစွာဝမ်းနည်းကြေကွဲရပါသည်။ ၄။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဤပြည်ထောင်စုအတွင်း ဖြစ်တည်ခဲ့သော ခေတ်အဆက်ဆက် သယံသယများ၊ ပဋိပက္ခများကို အပြီးတိုင်ချုပ်ငြိမ်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော စည်းလုံးငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့ အတူတကွ လက်တွဲလျှောက်လှမ်းကြပါစို့ဟု နှစ်သစ်ကူးဆုတောင်းမင်္ဂလာ ပို့သအပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-11-23

Date of entry: 

2022-11-23

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

248.05 KB

Resource Type: 

text

Text quality: 

    • Good