ကယန်းနှစ်သစ်ကူးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက ပေးပို့သည့်သဝဏ်လွှာ

ဖော်ပြချက်/အကြောင်းအရာ: 

"ယနေ့တွင် ကျရောက်သည့် ၂၇၆၂ ခုနှစ်မြောက် ကယန်းနှစ်သစ်ကူးနေ့တွင် ကယန်းပြည်သူအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ မြန်မာနိုင်ငံအတွင်းသို့ အစောဆုံး ဝင်ရောက်အခြေချနေထိုင်ခဲ့ကြသော ပျူ၊ သက်၊ ကမ်းယံ မျိုးနွယ်စုမှ ဆင်းသက်လာခဲ့ကြသည့် ကယန်းအမျိုးသားများ မြန်မာနိုင်ငံအတွင်းသို့ အကုန်အစင်ရောက်ရှိခဲ့သည့် ဘီစီ (၇၃၉) ခုနှစ်မှ စတင်ရေတွက်၍ ကယန်းနှစ်သစ်ကူးအဖြစ် သတ်မှတ်လာခဲ့သည်မှာ (၂၇၆၂) ကြိမ်တိုင်ခဲ့ပြီဖြစ်ပါသည်။ နှစ်သစ်ကူးအချိန်သည် နှစ်ဟောင်းတွင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ပြန်လည် ဆင်ခြင်သုံးသပ်ပြီး နှစ်သစ်တွင် သာ၍ကောင်းမွန်သော ကောင်းကျိုးများရရှိရန်အတွက် ခွန်အားသစ်များ မွေးဖွားရသည့် အချိန်ကာလဖြစ်ပါသည်။ နှစ်သစ်ကိုကြိုဆိုရင်း ကယန်းလူမျိုးတို့၏ သမိုင်းအဆက်ဆက်က ဂုဏ်ဝင့်ထည်စွာဖြင့် လက်ဆင့်ကမ်းလာခဲ့သော စာပေ၊ ဂီတ၊ အနုပညာ၊ စားဖွယ်သောက်ဖွယ် စုံလင်စွာဖြင့် ပွဲလမ်းသဘင်များ ကျင်းပရမည့် အချိန်ကာလလည်း ဖြစ်ပါသည်။ သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်ချယ်လှယ်မှုများကြောင့် တစ်နိုင်ငံလုံး အထွေထွေ ဒုက္ခအကြပ်အတည်းများနှင့် ရင်ဆိုင်နေရပြီး ကယန်းပြည်သူမြောက်များစွာ တို့သည်လည်း ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရွံ့ထိတ်လန့်စိတ်ဖြင့် သော်လည်းကောင်း၊ စစ်ဘေးရှောင်ဘဝဖြင့် သော်လည်းကောင်း ကယန်းနှစ်သစ်ကူး အချိန်အခါအား ဖြတ်သန်းနေကြရသည်ကို များစွာ ဝမ်းနည်း ကြေကွဲရပါသည်။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဤပြည်ထောင်စုအတွင်း ဖြစ်တည်ခဲ့သော ခေတ်အဆက်ဆက် သံသယများ၊ ပဋိပက္ခများကို အပြီးတိုင်ချုပ်ငြိမ်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝရှိသော စည်းလုံးငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးဆီသို့ အတူတကွ လက်တွဲလျှောက်လှမ်းကြရင်း ကယန်းတိုင်းရင်းသားများနှင့် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ပြည်သူအားလုံးတို့သည် ယနေ့ရင်ဆိုင်နေကြရသော ဒုက္ခအခက်အခဲများမှ အလျင်အမြန် လွတ်မြောက် ကြပါစေဟု နှစ်သစ်ကူးအခါသမယတွင် ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။..."

ရင်းမြစ်: 

National Unity Government of Myanmar

Date of Publication: 

2022-11-23

Date of entry: 

2022-11-23

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

367.07 KB

Resource Type: 

text

Text quality: 

    • Good