ဖော်ပြချက်/အကြောင်းအရာ:
"ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အထိမ်းအမှတ် အကြိုနေ့အဖြစ် ဖားကန့်မြို့နယ်၊ အနန်ပါ ကျေးရွာအနီး တေးဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် အောက်တိုဘာလ ၂၃ ရက် ညပိုင်းက စစ်ကောင်စီ လေတပ်မှ ဂျက်တိုက်လေယာဉ် (၃) စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကချင်အနုပညာရှင်များ အပါအဝင် အရပ်သားပြည်သူ အများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဝမ်းနည်းဖွယ် ကြားသိရပါသည်။
ထိုသို့ တိုက်ပွဲအချိန်လည်း မဟုတ်ဘဲ အရပ်သားများပါဝင်သော တေးဂီတပွဲ အခမ်းအနားတစ်ခုအား ပစ်မှတ်ထား၍ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းသည် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်နေသည့် စစ်ကောင်စီ၏ အကြမ်းဖက် ဖက်ဆစ်ဝါဒအား ပြသသည့် ထပ်လောင်းသက်သေပင် ဖြစ်ပါသည်။
စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦးများ၊ မြို့ပြကျေးရွာ လူနေအိမ်ခြေများ စသည့် အရပ်ဘက်ပစ်မှတ်များအား ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် နိုင်ငံအနှံ့ အပြစ်မဲ့ အရပ်သားပြည်သူများ နေ့စဉ်နှင့်အမျှ ထိခိုက်သေဆုံးနေကြရပါသည်။
စစ်ကောင်စီ လေတပ်အရာရှိများအနေဖြင့် စစ်ခေါင်းဆောင်များ၏ အမိန့်ကို တသွေမတိမ်း လိုက်နာပြီး အရပ်သားပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေခြင်းများသည် စစ်ရာဇဝတ်မှုများအား ကိုယ်တိုင်ပါဝင်ကျူးလွန်နေခြင်းပင် ဖြစ်ပြီး တချိန်ချိန်တွင် တရားစီရင် အပြစ်ပေးအရေးယူခံရမည် ဖြစ်ကြောင်း သတိပေးလိုပါသည်။
စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် မိသားစုဝင်များနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း နှင့် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်နေသည့် လုပ်ရပ်များအား ရှုတ်ချကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့မှ သတင်းထုတ်ပြန်အပ်ပါသည်။..."
ရင်းမြစ်:
People's Goal
Date of Publication:
2022-10-24
Date of entry:
2022-10-24
Grouping:
- Individual Documents
အကြောင်းအရာ/အမျိုးအစား:
Countries:
Myanmar
Language:
Burmese (မြန်မာဘာသာ)
မှတ်တမ်း:
ပုံစံ:
pdf
အရွယ်အစား:
165.93 KB
Resource Type:
text
Text quality:
- Good
