ဖားကန့်ဒေသ တေးဂီတ ဖျော်ဖြေပွဲသို့ ဗုံးကြဲ သတ်ဖြတ်မှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

ဖော်ပြချက်/အကြောင်းအရာ: 

"၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ ညတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ကချင်လွတ်မြောက်ရေးအဖွဲ့ ၏ ဖွဲ့စည်းတည်ထောင်ခြင်း ၆၂ နှစ်မြောက် အကြို တေးဂီတ ဖျော်ဖြေပွဲ ကျင်းပနေစဉ် အကြမ်းဖက်စစ်အုပ်စုမှ တိုက်လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူအများအပြား ထိခိုက် ဒဏ်ရာရ၊ သေဆုံးခဲ့ရပါသည်။ ထိုဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှုကြောင့် ယခုအချိန်အထိ အနည်းဆုံး ကချင်တိုင်းရင်းသားများအပါအဝင် ပြည်သူ ၆၀ ကျော်သေဆုံးခဲ့ရပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကနဦး သိရှိရပါသည်။ တေးဂီတပွဲအား လူအများ ငြိမ်းချမ်းစွာ စုဝေးဆင်နွဲနေချိန်တွင် ရက်စက်ကြမ်းကြုတ်စွာ ရည်ရွယ်ချက်ရှိရှိ အစုအလိုက်အပြုံလိုက် တိုက်ခိုက်သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် စစ်ရာဇဝတ်မှု မြောက်ကြောင်း သက်သေခံလျှက်ရှိသည်။ ထို့အပြင် ဒဏ်ရာရ လူနာများအား ဆေးကုသမှု မရနိုင်အောင် စစ်အင်အားဖြင့် လမ်းများပိတ်ဆို့ တားမြစ် ထားခြင်းသည် လူတစ်ဦးချင်း၏ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်ရှိရမည် ဟူသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ပြောင်ပြောင်တင်းတင်း ငြင်းဆန် ချိုးဖောက်လိုက်ခြင်းဖြစ်သည်။ အထက်ပါလုပ်ရပ်သည် အကြမ်းဖက်စစ်အုပ်စုက ပြည်သူတရပ်လုံးအား ရန်သူအဖြစ်သတ်မှတ်ကာ လက်နက်အားကိုးဖြင့် လူမဆန်စွာ အနိုင်ကျင့် စော်ကားမှု၊ တရားလက်လွတ် ရမ်းကား သတ်ဖြတ်များ ကျူးလွန်လျှက်၊ တတိုင်းပြည်လုံးကို စစ်ကျွန်အဖြစ် သွတ်သွင်းရန် ကြိုးပမ်းနေမှု၏ လုပ်ရပ်ပင်ဖြစ်သည်။ မိမိတို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း အနေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်မှု လုပ်ရပ်မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက် ရှုံ့ချလိုက်သည်။ ထို့အတူ ထိုကဲ့သို့ အပြစ်မဲ့ ပြည်သူများ၏ အသက် အိုးအိမ် များကို နေ့စဉ်နဲ့အမျှ တရားလက်လွတ် သတ်ဖြတ် ဖျက်ဆီး နေမှုများအား နိုင်ငံတကာ အသိုင်းအဝိုင်းမှ ချက်ခြင်း ထိရောက်စွာ အရေးယူဆောင်ရွက်ကြပါရန် တိုက်တွန်း တောင်းဆိုလိုက်သည်။..."

ရင်းမြစ်: 

Assistance Association for Political Prisoners

Date of Publication: 

2022-10-25

Date of entry: 

2022-10-25

Grouping: 

  • Individual Documents

အကြောင်းအရာ/အမျိုးအစား: 

Countries: 

Myanmar

Language: 

Burmese (မြန်မာဘာသာ)

မှတ်တမ်း: 

ပုံစံ: 

pdf

အရွယ်အစား: 

349.48 KB

Resource Type: 

text

Text quality: 

    • Good

Remote URL: